သမ္မတရှီကျင့်ဖျင်လက်ထက်တွင် တရုတ်နိုင်ငံမှ တိုင်းရင်းသားလူနည်းစုများအပေါ် ဖိနှိပ်မှု ပိုမိုပြင်းထန်လာ 

သမ္မတရှီကျင့်ဖျင်လက်ထက်တွင် တရုတ်နိုင်ငံမှ တိုင်းရင်းသားလူနည်းစုများအပေါ် ဖိနှိပ်မှု ပိုမိုပြင်းထန်လာ 

တစ်နိုင်ငံ၊လူမျိုးတစ်မျိုးဖော်ဆောင်ရန် သမ္မတရှီကျင့်ဖျင်ကကြိုးပမ်းနေချိန်တွင် တရုတ်နိုင်ငံ၌ တိုင်းရင်းသား လူနည်းစုများသည် ခွဲခြားဆက်ဆံခြင်းကို ဆက်လက်ခံစားနေကြရပြီး ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရင်ဆိုင်နေရသည်။

တရုတ်တွင်မတူသည့် လူမျိုးစု ၅၆မျိုးရှိပြီး အဓိကဟန်လူမျိုးသည် စုစုပေါင်းလူဦးရေ၏ ၉၂ရာခိုင်နှုန်းရှိကာ ကျန်၈ရာခိုင်နှုန်းမှာကျွမ်း၊ဝီဂါ(မွတ်စလင်)၊တိဗက်၊မွန်ဂိုလီးယားနှင့် ဟွေအပါအဝင်တခြားတိုင်းရင်းသား ၅၅မျိုးဖြင့် ကွဲပြားကြောင်း လူ့အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာဖိုရမ် (IIFRAS) ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရှီကျင့်ဖျင်၏အာဏာရှင် အစိုးရလက်ထက်တွင် တိုင်းရင်းသားလူနည်းစုမှ လူ၂၀ဝကျော်သေဆုံးပြီးရာနှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်းသတင်းများကဆိုသည်။

တရုတ်အစိုးရသည် ဒေသန္တရအစိုးရဌာနများတွင် တိုင်းရင်းသားလူနည်းစုများကို ပါဝင်ခွင့်ပြုထားသော်လည်း တရားဝင်မူဝါဒများတွင် လူမျိုးရေးခွဲခြား ဆက်ဆံမှုမှာ ထင်ရှားနေသေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပြီး တရုတ်တွင် လူနည်းစုနှင့် ပေါင်းစပ်ခြင်းကို ဖိနှပ်ချုပ်ချယ်ထားသေးကြောင်းလည်း ပါရှိသည်။
 
IIFRAS ၏အစီရင်ခံစာအရ တရုတ်တွင် ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေသည့် ဟန်လူမျိုးကြီးဝါဒသည် တိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်းများနှင့် အစဉ်အလာများကို မလေးစားရာရောက်ပြီး ယင်းတို့ကို ဖျက်သိမ်းရန် ရည်ရွယ်နေသည်။

ဥပမာ ဒေသအတွင်း မွန်ဂိုလီးယားဘာသာစကား အသုံးပြုမှုကို လျှော့ချရန်ရည်ရွယ်သည့် ညွှန်ကြားချက် အသစ်ကို ဆန့်ကျင်သည့်အနေဖြင့်တရုတ်တို့သိမ်းပိုက်ထားသော မွန်ဂိုလီးယားဒေသတွင် ကြီးမားသော ဆန္ဒပြမှုကို မြင်တွေ့ခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်ရှင်ကျန်း ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင်လည်း အလားတူ အစီအမံများကို တရုတ်က ကျင့်သုံးနေကြောင်းIIFRAS ကဖော်ပြခဲ့သည်။

အမေရိကန်နှင့်အနောက်နိုင်ငံအချို့ကဝီဂါကိုလူမျိုးတုံးသတ်ဖြတ်မှုနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအဖြစ် ကြေညာထားသော်လည်း တရုတ်က ယင်းပြောဆိုချက်များကို အကြိမ်ကြိမ်ပယ်ချခဲ့သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required