တရုတ်သဘောတူပါက ပါကစ္စတန်က CPEC အာဏာပိုင်အဖွဲ့ကို ဖျက်သိမ်းမည်

တရုတ်သဘောတူပါက ပါကစ္စတန်က CPEC အာဏာပိုင်အဖွဲ့ကို ဖျက်သိမ်းမည်

ပါကစ္စတန် စီမံကိန်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ဒေါ်လာဘီလီယံပေါင်းများစွာ တန်ကြေးရှိသော စီမံကိန်းနှင့် ပတ်သက်ပြီး အဓိကအခန်းကဏ္ဍမှပါဝင်နေသဖြင့် ပြင်းထန်စွာဝေဖန် ခံနေရချိန်တွင် အငြင်းပွားဖွယ်ရာ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) အာဏာပိုင်အဖွဲ့အား ဖျက်သိမ်းရန် ပါကစ္စတန်အစိုးရကမူအားဖြင့် သဘောတူထားသည်။

ပါကစ္စတန်သိမ်းပိုက်ထားသော ဂယ်ဂစ်ဘယ်လ်တစ္စတန်တွင် မြေယာပြဿနာနှင့် ပတ်သက်၍ ပါကစ္စတန်စစ်တပ်ကို ဒေသခံများက ဆန့်ကျင်ကန့်ကွက်နေကြသည်။

တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC) အမည်ဖြင့် စစ်တပ်၏ မြေယာသိမ်းပိုက်မှုအပေါ် ဒေသခံပြည်သူများက ဒေါသထွက်နေကြသည်။

CPEC အာဏာပိုင်အဖွဲ့ကိုဖျက်သိမ်းရန်ဆုံးဖြတ်ချက်သည်ဝန်ကြီးချုပ်ရှာဘတ်ရှရစ်ဖ်၏PML-N ၏ မူဝါဒဟောင်းနှင့်အညီဖြစ်ပြီး ယင်းမူဝါဒအရ အပြိုင်အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းအား မည်သည့်အခါမှ မနှစ်သက်ခဲ့ကြောင်းThe Nation ကသတင်းဖော်ပြခဲ့သည်။

ဝန်ကြီးချုပ်ဟောင်းအီမရန်ခန် ဦးဆောင်သောPTI အစိုးရသည် ယင်းအာဏာပိုင်အဖွဲ့ကို ထူထောင်ရန်၂နှစ်ကျော် အချိန်ယူခဲ့ရပြီး နောက်ဆုံးနိုင်ငံရေး အထူးအာဏာပေးခြင်းကိုလည်း မျက်နှာသာ မပေးခြင်းကြောင့် အများအားဖြင့် ငြိမ်နေခဲ့ရသည်။

ပါကစ္စတန်ကဂယ်ဂစ်ဘယ်လ်တစ္စတန်ဒေသတစ်ခုလုံးကိုCPEC နှင့်လုံခြုံရေးအရ လာမည့်ရာစုနှစ်ဝက်ကြာ အောင် တရုတ်ကိုငှာရမ်းခဲ့သည်ဟုဒေသခံအသိုင်းအဝိုင်းများကအခိုင်အမာယုံကြည်နေသည်။

တရုတ်လူမျိုးထောင်ပေါင်းများစွာသည် CPEC စီမံကိန်းများတွင်လုပ်ကိုင်ရန် ဒေသတွင်း ရောက်ရှိနေပြီဖြစ်သည်။

၎င်းတို့နှင့်အတူရာနှင့်ချီသော တရုတ်သူလျှိုများနှင့် စစ်သားများက ဒေသခံများကို စောင့်ကြည့်နေကြပြီး တရုတ်ကုမ္ပဏီများကို လုံခြုံရေး အကာအကွယ်ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly