တောင်ကိုရီးယားတွင် စုံတွဲပေါင်း ၃၀၀၀ စုရုံးလက်ထပ်

တောင်ကိုရီးယားတွင် စုံတွဲပေါင်း ၃၀၀၀ စုရုံးလက်ထပ်

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၀ ။            ။ တောင်ကိုရီးယားနိုင်ငံ ပေါင်းစည်းခြင်းဘုရားရှိခိုးကျောင်းတွင် စုံတွဲထောင်ပေါင်းများစွာ လက်ထပ်ပွဲကျင်းပခဲ့သည်။

နိုင်ငံပေါင်း ၆၂ နှစ်နိုင်ငံမှ စုံတွဲသစ် ၁၀၀၀ နှင့် လက်ထပ်ပြီးသား စုံတွဲ ၂၀၀၀ တို့က ဘုရားရှိခိုးကျောင်းများ၏ အချုပ်ဖြစ်သည့် ဂတ်ယွန်းမြို့တွင်းရှိ ယင်းဘုရားရှိခိုးကျောင်းတွင် သုံးနာရီကြာ စုံပေါင်းလက်ထပ်ပွဲတစ်ရပ်ကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းဘုရားရှိခိုးကျောင်းကို ၁၉၅၄ ခုနှစ်အတွင်းက ဆန်းမြောင်မွန်းဆိုသူက တည်ထောင်ခဲ့ခြင်းဖြစ်ကာ ၎င်း၏ အယူအဆသဘောတရားများအရ ယခုကဲ့သို့ စုရုံးလက်ထပ်ပွဲများကို ကျင်းပလာခဲ့ခြင်းမှာ အချိန်ကာလပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။

မွန်း၏ ကျန်ရစ်သူ ဇနီးဖြစ်သူ ဟန်ဟက်ဂျာက ၂၀၂၀ ခုနှစ်အထိ ကမ္ဘာပေါ်မှာ ကောင်းကင်ဘုံအား တည်ဆောက်ကြပါစို့ဟုဆိုကာ လက်ထပ်စုံတွဲများကို နှိုးဆော်စကား ပြောကြားသည်။
ဘုရားကျောင်းအား တည်ထောင်သူ မွန်းနှင့် ပတ်သက်ပြီး တစ်ချို့က ဆရာတု ဆရာယောင်အဖြစ် စွပ်စွဲခြင်းများလည်း ရှိသည်။

၎င်းသည် ၂၀၁၂ ခုနှစ်က အဆုတ်ရောင်ရောဂါဖြင့်သေဆုံးခဲ့ခြင်းဖြစ်ကာ ၎င်း၏ နောက်ကွယ်က စီးပွားရေးလုပ်ငန်းများကြောင့် နာမည်စာရင်းသွင်းခံရသူတစ်ဦးလည်းဖြစ်သည်။ ယခုကဲ့သို့ စုပေါင်း လက်ထပ်မှုများကို ၁၉၆၀ ခုနှစ်များကစကာ ကျင်းပလာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly