တရုတ်အကျပ်အတည်းများအကြား Apple က iPhone 14ကို အိန္ဒိယတွင် ထုတ်လုပ်ရန် စီစဉ်

တရုတ်အကျပ်အတည်းများအကြား Apple က iPhone 14ကို အိန္ဒိယတွင် ထုတ်လုပ်ရန် စီစဉ်

တရုတ်သမ္မတရှီကျင့်ဖျင်အစိုးရ၏ အမေရိကန်နှင့် ပဋိပက္ခဖြစ်မှုနှင့် နိုင်ငံတစ်ဝှမ်း ပိတ်ဆို့မှုများကြောင့် ကုန်ထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေပြီးနောက်အမေရိကန်နည်းပညာကုမ္ပဏီကြီး Apple Incသည် တရုတ်အစား အခြားနိုင်ငံတစ်ခုကို ရှာဖွေနေစဉ်မှာ iPhone 14 ကို အိန္ဒိယတွင် စတင်ထုတ်လုပ်ရန် စီစဉ်လာသည်။

ကုမ္ပဏီသည်  အိန္ဒိယတွင် ထုတ်လုပ်မှုအရှိန်မြှင့်ရန်နှင့် ပြီးခဲ့သော ကုန်ထုတ်ကာလများက iPhonesအသစ် ထုတ်လုပ်ရာတွင် ၆ လမှ ၉ လကြာသည်အထိ နှေးကွေးခဲ့သည့်အချိန်ကိုတိုတောင်းစေရန် ထုတ်လုပ်ရောင်းချသ ူများနှင့် ပူးတွဲလုပ်ဆောင်လျက်ရှိကြောင်း အဆိုပါကိစ္စနှင့်ရင်းနှီးသော သတင်းရင်းမြစ်များကို ကိုးကား၍ Nikkei က ဩဂုတ် ၂၃ ရက်တွင် ဖော်ပြခဲ့သည်။

Apple ၏ ထိုင်ဝမ်အခြေစိုက် ထုတ်လုပ်ရောင်းချရးကုမ္ပဏီ Foxconn သည် တရုတ်နိုင်ငံမှ ပစ္စည်းများတင်ပို့ခြင်းနှင့် အိန္ဒိယနိုင်ငံတောင်ပိုင်း ချန်နိုင်းမြို့အပြင်ဘက်ရှိ ၎င်း၏စက်ရုံတွင် iPhone 14 တပ်ဆင်ခြင်းလုပ်ငန်းစဉ်များကို လေ့လာခဲ့သည်။

အိန္ဒိယမှ ပထမဆုံး iPhone 14ထုတ်လုပ်မှုကို အောက်တိုဘာလနှောင်းပိုင်း သို့မဟုတ် နိုဝင်ဘာလတွင် အပြီးသတ်နိုင်ဖွယ်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကုမ္ပဏီသည် တရုတ်နိုင်ငံမှ iPhone ထုတ်လုပ်မှုနယ်ပယ်အချို့ကို ကမ္ဘာ့ဒုတိယအကြီးဆုံးစမတ်ဖုန်းဈေးကွက်ဖြစ်သည့် အိန္ဒိယအပါအဝင် အခြားဈေးကွက်များသို့ ပြောင်းရွှေ့ကာ iPad တက်ဘလက်များကိုပါထုတ်လုပ်သွားရန် စီစဉ်လျက်ရှိသည်။

အိန္ဒိယနှင့် မက္ကဆီကိုနှင့်ဗီယက်နမ်တို့ကဲ့သို့သော နိုင်ငံများသည် တရုတ်နှင့်ဝေးရာတွင် ပြောင်းလဲထုတ်လုပ်ရန် ကြိုးစားလာစဉ်မှာ အမေရိကန်အမှတ်တံဆိပ်များကို ထုတ်လုပ်သော ထုတ်လုပ်သူများနှင့် စာချုပ်ချုပ်ဆိုရန် အရေးပါလာကြသည်။

နည်းပညာကုမ္ပဏီကြီး Apple Inc ၏ ထုတ်လုပ်ရေးရောင်းချရေးကုမ္ပဏီများသည် ဗီယက်နမ်တွင် ပထမဆုံးအကြိမ်အဖြစ်Apple Watch နှင့် MacBookတို့ကို ထုတ်လုပ်ရန် ပြီးခဲ့သည့် သီတင်းပတ်က ဆွေးနွေးခဲ့ကြောင်း Nikkei သတင်း၌ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly