ရှီကျင့်ဖျင်နှင့် ဗလာဒီမာပူတင်တို့ နိုဝင်ဘာလတွင် ဘာလီအပန်းဖြေကျွန်း၌ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည်

ရှီကျင့်ဖျင်နှင့် ဗလာဒီမာပူတင်တို့ နိုဝင်ဘာလတွင် ဘာလီအပန်းဖြေကျွန်း၌ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည်

ရှီကျင့်ဖျင်နှင့် ဗလာဒီမာပူတင်တို့သည် နိုဝင်ဘာလတွင် ဘာလီအပန်းဖြေကျွန်း၌ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ၏ အကြံပေးပုဂ္ဂိုလ်က ပြောကြားလိုက် သည်။

သမ္မတဂျိုကိုဝီ၏ အလွတ်တန်းအကြံပေး အန်ဒီက တရုတ်နှင့် ရုရှားခေါင်းဆောင်များ တက်ရောက် မည်ဖြစ် ကြောင်း ရိုက်တာသို့ ပြောကြားခဲ့သည်။

ခေါင်းဆောင်နှစ်ဦးစလုံးက တက်ရောက်မည်ဟု သူ့အား အာမခံချက်ပေးထားကြောင်း Bloomberg News သို့ ဂျိုကိုဝီက သြဂုတ်လ ၁၈ရက်က ပြောကြားခဲ့သည်။ 

ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလနောက်ပိုင်း တရုတ် သမ္မ တ၏ ပထမဆုံး ပြင်ပခရီးစဉ်ဖြစ်ခြင်းကြောင်း ယင်းခရီးစဉ်မှာ ထင်ရှားသည်။

ထိုအချိန်မှစ၍ ရှီသည် ၎င်း၏ တစ်ခုတည်းသော ခရီးစဉ်အဖြစ် ဇွန်လ ၃၀ရက်တွင် ဟောင်ကောင်ကို ဗြိတိန် လက်အောက်မှ လွှဲပြောင်းရယူသည့် ၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဟောင်ကောင်သို့ သွားရောက်ခဲ့သည်။

တရုတ်က နိုင်ငံတကာခရီးသွားလာခွင့်ကို နယ်စပ်ဒေသမှ လွဲ၍ အားလုံးကို ပိတ်ထားသည့် မူဝါဒကို ဆက်လက် ကျင့်သုံးနေသည်။

ရှီသည် မြောက်ပိုင်းဆောင်းဦးရာသီတွင် ကျင်းပရန် စီစဉ်ထားသော အာဏာရကွန်မြူနစ်ပါတီ၏ ကွန်ဂရက်တွင် ထူးထူးခြားခြား တတိယအကြိမ် သမ္မတသက်တမ်းကို ရယူရန် မျှော်လင့်ထားပြီး နိုဝင်ဘာလလယ်တွင် ကျင်းပ မည့် ဂျီ-၂၀ အစည်းအဝေးအတွက် ဘာလီသို့ မသွားရောက်မီ ယင်းအစည်းအဝေးကို ကျင်းပနိုင်ချေ ရှိနေသည်။ 

ပါတီညီလာခံကျင်းပမည့်ရက်ကို မကြေညာသေးသော်လည်း နောက်ဆုံးကျင်းပခဲ့သည့် အစည်းအဝေး ၂ခုကို အောက်တိုဘာလနှောင်းပိုင်းနှင့် နိုဝင်ဘာလအစောပိုင်းတွင် ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required