တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဝါဒဖြန့်ခေါင်းစဉ်အောက်တွင် တရုတ်အစိုးရက တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ(TAR) အား ဖွံ့ဖြိုးရေးလုပ်ဇာတ်ဖြင့် အတင်းအဓမ္မအလုပ်စေခိုင်းလျက်ရှိကြောင်း မီဒီယာသတင်းများတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံအတွက် တစ်ပေါင်းတစ်စည်းတည်းဖြစ်စေရန်နှင့် တိဗက်ဒေသတွင်း လက်ရှိဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးကွယ်နိုင်ရန် ‘တိဗက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွက် လက်တွဲကူညီရေး’ ဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ဩဂုတ် ၁၈ ရက်က ကျင်းပခဲ့သည်။
သုတေသီတစ်ဦးဖြစ်သူ အာဒရင်ဇန်ဇ်က တရုတ်နိုင်ငံပိုင် အစားအစာထုတ်လုပ်ရေးနှင့် နိုင်ငံ၏ အကြီးဆုံး အစားအစာ ကုမ္ပဏီတို့တွင် အဓမ္မအလုပ်စေခိုင်းမှုများ ဖြစ်ပွားနေကြောင်း ပြောကြားသည်။
ရှင်ကျန်းဒေသတွင် ဖြစ်ပွားနေသည့် အလားတူ ဖြစ်ရပ်များကိုလည်း ဒေသအသီးသီးမှ ဝေဖန်မှုများကို ကြုံတွေ့နေရသည်။ တရုတ်အစိုးရက ရှင်ကျန်းဒေသ၏ အခြေခ့အဆောက်အအုံသစ် တည်ဆောက် ရေးနှင့် ဒေသတွင်း စက်မှုလုပ်ငန်း အဆင့်မြှင့်တင်ရေးအတွက် ‘လက်တွဲအကူအညီပေးရေး’ အစီအစဉ်ကို ၂၀၁၀ ပြည့်နှစ် မတ်လတွင် စတင်ခဲ့သည်။
ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေးကဲ့သို့ အစီအစဉ်များဖြင့် တိုင်းရင်းသား လူနည်းစုများအား အလုပ်ခိုင်းစေသည့် လုပ်ဆောင်ချက်များတွင် တရုတ်ပြည်နယ်များသည် ရှင်ကျန်း၏ သီးခြားနယ်မြေများနှင့် ‘တွဲဖက်ကူညီရေး’ အစီအစဉ်များကို စိုးရိမ်စရာကောင်းလောက်အောင် ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။ တိဗက်ဒေသတွင် အလားတူ ပူးပေါင်း လုပ်ဆောင်မှု အစီအစဉ်သည် စိုးရိမ်စရာ ကောင်းလျက်ရှိသည်။
ခေတ်သစ် ကျွန်ပြုမှုများ ဖြေရှင်းရေးဆိုင်ရာ ကုသသမဂ္ဂ အထူးကိုယ်စားလှယ် တိုမိုယာ အိုဘိုကာတာ၏ အစီရင်ခံစာအား ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ထုတ်ပြန်ခဲ့ရာတွင် ရှင်ကျင်းဒေသနှင့် တိဗက်ဒေသတို့တွင် ဖြစ်ပွားနေသည့် အဓမ္မခိုင်းစေမှုများကို ထောက်ပြထားသည်။
မူဝါဒရေးရာ သုတေသနသိပ္ပံ Tibet Rights Collective ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ တရုတ်မီဒီယာ၏ ဖော်ပြချက်တွင် တရုတ်အစိုးရက ၎င်း၏ လက်တွဲကူညီရေးအစီအစဉ်အား မဟာမိတ်နိုင်ငံများ၏ ထောက်ခံမှုဖြင့် အားကောင်းလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပါရှိသည်။