စတင်မှုနှေးတာက လီဗာပူးလ်နဲ့ ကလော့ပ်အတွက် စိုးရိမ်စရာဖြစ်စေ

စတင်မှုနှေးတာက လီဗာပူးလ်နဲ့ ကလော့ပ်အတွက် စိုးရိမ်စရာဖြစ်စေ
Photo: EPA

ပြီးခဲ့တဲ့ သုံးလက လီဗာပူးလ်ဟာ မကြုံစဖူး ဆုဖလား လေးလုံးရဲ့ အစွန်းနားမှာ ရပ်တည်ခဲ့ပါတယ်။ ရာသီသစ်မှာ သုံးပွဲကစားထားပြီး သူတို့ဟာ နိုင်ပွဲမရသေးပါဘူး။

ဘရန့်ဖို့ဒ်မှာ ၄-၀ နဲ့ ရှုံးခဲ့လို့ ပြီးခဲ့တဲ့အပတ်အတွင်း လှောင်ပြောင်ခံခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်က တနင်္လာနေ့က အိုးထရက်ဖို့ဒ်မှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ယာဂန် ကလော့ပ်ရဲ့အသင်းကို ပရီးမီးယားလိဂ် ဇယားမှာ ခုန်ကျော်သွားခဲ့ပါတယ်။

လီဗာပူးလ်ရဲ့ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံးရာသီအစကြောင့် ကြိုးကြာနီတို့ဟာ ချန်ပီယံမန်စီးတီးနဲ့ ငါးမှတ်၊ အစောပိုင်း ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ ခုနစ်မှတ်အကွာ နောက်ကနေ လိုက်နေရပါတယ်။

"ကြည့်ရတာ အကောင်းဆုံးအရာ မဟုတ်ဘူး၊ ဒါက ရှင်းပါတယ်၊ ဒါပေမယ့် ဒါက ကျနော့်တို့ရဲ့ အခြေအနေပါ။ ကြည့်လိုက်ပါ၊ ကျနော်တို့ အကြောင်းအရာအားလုံးပြောနိုင်တယ်၊ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျနော် ဒီညပွဲကို တွေ့ခဲ့တယ်၊ ဒါကြောင့် တစ်ပတ်တာက မလွယ်ပါဘူး"လို့ ကလော့ပ်က သုံးပွဲကစားအပြီးမှာ သူ့ရဲ့အသင်း အဆင့် ၁၆ ကို ထိုးဆင်းသွားတဲ့အပေါ်  ကလော့ပ်က ပြောပါတယ်။

ဂျာမန်နည်းပြအတွက် ပိုပြီးတော့ စိုးရိမ်စရာက အခုလို စတင်မှု နှေးစေတဲ့ ပြဿနာတွေအတွက် အမြန်ဖြေရှင်းချက် မပေါ်သေးပါဘူး။

သီယာဂို အယ်လ်ကန်တာရာ၊ နာဘီကီတာ၊ ကိုနာတီ၊ ဂျိုးလ်မာတစ်နဲ့ ဒီယာဂို ဂျိုတာတို့ဟာ ရာသီအစောပိုင်း ဒဏ်ရာပြဿနာကြောင့် အိုးလ်ထရက်ဖို့ဒ် ခရီးစဉ်အတွက် မပါနိုင်သူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

"ကျနော့်အထင် လေ့ကျင့်ရေးမှာ ကျနော်တို့မှာ ဂိုသမားကလွဲပြီး စီနီယာကစားသမား ၁၅ ယောက်ရှိတယ်။ သိပ်မဟန်ပါဘူး။ ဒါပေမယ့် ဒီညပွဲအတွက် ပွဲထွက်လူစာရင်းကို ကျနော် သဘောကျတယ်၊ ဒီညမှာလည်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့ခဲ့ရတယ်၊ ကျနော်တို့ နိုင်ပွဲရဖို့ မလုံလောက်ဘူးဆိုတာ ထင်ရှားပါတယ်။"လို့ သူက ဆိုပါတယ်။

လီဗာပူးလ်ရဲ့ ယူရို ၇၅ သန်း (ပေါင် ၆၄ သန်း၊ ဒေါ်လာ ၇၇ သန်း) တိုက်စစ်မှူးသစ် ဒါဝင်နူနက်ဇ်ဟာ ပြီးခဲ့တဲ့ ပြီးခဲ့တဲ့အပတ်က ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဂျိုအာကင်အန်ဒါဆင်ကို ခေါင်းတိုက်ခဲ့တဲ့အတွက် အနီကတ်ပြခံခဲ့ရပြီးနောက် ပထမဆုံး သုံးပွဲပယ်ပြစ်ဒဏ်ကြောင့် မန်ယူနဲ့ ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ပါတယ်။

ဘင်ဖီကာကနေ နူနက်ဇ် ရောက်ရှိလာတာက အပြောင်းအရွှေ့ဈေးကွက်မှာ လီဗာပူးလ်ရဲ့အသုံးစရိတ်အများစုဖြစ်ပြီး ကလော့ပ်ရဲ့ ကွင်းလယ်ရွေးချယ်စရာတွေကို ပြန်လည်တည်ဆောက်ဖို့ ဆုံးဖြတ်ချက်ဟာ ကြွိုးကြာနီတို့ရဲ့ ထောက်ပံ့တို့မှာ စိတ်ပျက်စရာ ကြီးထွားလာနေပါတယ်။

သီယာဂိုနဲ့ ကီတာမပါဘဲ အသက် ၃၆ နှစ်အရွယ် ဂျိမ်းစ်မီနာနဲ့  ဟာဗေး အဲလီယက်တို့ဟာ ကွင်းလယ်မှာ အသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ နှစ်ဖက်စလုံးမှာ တနင်္လာနေ့က ပွဲထွက်ခဲ့ကြပါတယ်။

နောက်ထပ် ကွင်းလယ်ရွေးချယ်ဖို့ "ကောင်းမှာပါ"လို့ ပွဲမစခင်မှာ ကလော့ပ်က ဝန်ခံခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly