စာမေးပွဲဖြေနေသည့် ၄ တန်းကျောင်းသူတစ်ဦး ချောင်းအတွင်း ရေချိုးရာမှ ရေနစ်သေဆုံး

စာမေးပွဲဖြေနေသည့် ၄ တန်းကျောင်းသူတစ်ဦး ချောင်းအတွင်း ရေချိုးရာမှ ရေနစ်သေဆုံး

မုံရွာ၊ ဖေဖော်ဝါရီ ၁၉။ ။ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ အမက ကျောင်းမှ အလည်တော အထက စာစစ်ဌာနတွင် စာမေးပွဲ ဖြေဆိုနေသည့် ၄ တန်းကျောင်းသူ တစ်ဦး ချောင်းအတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှု ယခုလ ၁၈ ရက်က ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ် ဖွဲ့မှူးရုံးမှ သိရသည်။

ထီးချိုင့်မြို့နယ် ဇီးဖြူကုန်းရွာနေ အဆိုပါ ၄တန်းကျောင်းသူသည် စာမေးပွဲအပြီး နေအိမ်ပြန်အရောက်တွင် ရွာမှ အဖော် လေးဦးဖြင့် ရွာအနောက်ဘက် ကွမ်းဘောင်ချောင်းတွင် ရေဆင်းချိုးရာမှ ရေနစ်ခဲ့ခြင်းဖြစ်သည်။ 

၎င်းကို အလယ်တောတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အသက်သေဆုံးသွားခဲ့ပြီး သက်ဆိုင်ရာ ထီးချိုင့်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၆) အရ အမှုရေးဖွင့်ထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly