ချစ်သူဟောင်းထံ မက်ဆေ့ခ်ျ ၁၉,၆၇၁ ခု ရိုင်ယန်ဂစ် ပေးပို့ခဲ့ပြီး တရားရုံးက ကြားနာ

ချစ်သူဟောင်းထံ မက်ဆေ့ခ်ျ ၁၉,၆၇၁ ခု ရိုင်ယန်ဂစ် ပေးပို့ခဲ့ပြီး တရားရုံးက ကြားနာ

မန်ချက်စတာယူနိုက်တက်နှင့် ဝေးလ်ကြယ်ပွင့်ဟောင်း ရိုင်ယန်ဂစ်သည် ၎င်း၏ ချစ်သူဟောင်းထံ ဖုန်းမက်ဆေ့ချ် ၁၉,၆၇၁ ခု ပေးပို့ခဲ့ပြီး တရားရုံးက ကြားနာခဲ့သည်။

မစ္စတာ ဂစ်နှင့် ကိတ်ဂရီဗယ်လီတို့ကြားရှိ မက်ဆေ့ခ်ျပမာဏသည် နှိပ်ထုတ်မည်ဆိုပါက စာမျက်နှာ ၃၅၀ ရှိသော ဖိုင်တွဲဖိုဒါ ၅၆ ခုအထိ ပမာဏဖြစ်မည်ဟု ဂျူရီလူကြီးများက ပြောကြားခဲ့သည်။

အတူနေ ချစ်သူဟောင်း ကိတ်ဂရီဗယ်လီကို ကိုယ်ထိလက်ရောက် အကြမ်းဖက်ရိုက်နှက်သည်ဆိုသည့် စွဲချက်နှင့် ရိုင်ယန်ဂစ် တရားရင်ဆိုင် နေရခြင်းဖြစ်သည်။။

အသက် ၄၈ နှစ်ရှိ မစ္စတာ ဂစ်သည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် အသက် ၃၈ နှစ်ရှိ ကိတ်ဂရီဗယ်လီအား အနိုင်ကျင့်ထိန်းချုပ်ထားသော အပြုအမူအပြင် အကြမ်းဖက်စော်ကားခဲ့သည်ကိုလည်း ငြင်းဆိုခဲ့သည်။

ဂစ်သည် အသက် ၂၆ နှစ်အရွယ် ညီမဖြစ်သူ အယ်မာကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည်ကိုလည်း ငြင်းဆိုထားသည်။

တရားသူကြီးသည် ယခုအခါ Manchester Crown တရားရုံးတွင် အနှစ်ချုပ်ပေးနေသည်။

တနင်္လာနေ့ရုံးချိန်း၏ တတိယပတ်ထဲသို့ ဝင်ရောက်လာခြင်းကြောင့် ခုခံအမှုကို အဆုံးသတ်ကာ တရားသူကြီး ဟီလာရီမန်လီသည် ဂျူရီလူကြီးများအား ညွှန်ကြားပေးခြင်းဖြင့် သူမ၏အနှစ်ချုပ်ကို စတင်ခဲ့သည်။

“သက်သေသည် မှန်ကန်သော မျက်မြင်သက်သေ ဟုတ်မဟုတ်” အမှုကို သက်သေအထောက်အထားအပေါ် သူတို့ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း သူမက ၎င်းတို့ကို ပြောကြားခဲ့သည်။ “လွဲမှားမှုများ” ရှိလျှင် ၎င်းတို့သည် “အမှုကိစ္စရပ်တစ်ခုလုံးတွင် အရေးကြီးသည်”ဆိုသည်ကို ၎င်းတို့ ထည့်သွင်းသုံးသပ်ရမည်ဟု သူမက ဆိုသည်။

တရားသူကြီး မန်လီက ကိတ်ဂရီဗယ်လီနှင့် ဝေးလ်မန်နေဂျာဟောင်း မစ္စတာ ဂစ်တို့ဟာ ၎င်းတို့ရဲ့ သက်သေတွေကို ပေးနေစဉ် စိုးရိမ်ပူပန်စိတ်ဖြစ်လာသည်ဟု ဆက်လက်ပြောကြားသော်လည်း ၎င်းတို့သည် မည်သည့် စာနာစိတ်ကိုမဆုိ ဘေးဖယ်ထားရမည်ဟု ပြောသည်။

စိတ်ခံစားချက်တစ်ခုခုကို ဘေးဖယ်ထားရမည်ဆိုသည့် အမှုအစတွင် သူမ ၎င်းတို့ကို ပြောပြခဲ့သည်ကို သူမက ပြန်လည်သတိချက်စေခဲ့ပြီး ၎င်းတို့သည် "ထိုပုံစံအတိုင်း ဆက်သွားရမည်"ဟု သူမက ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly