Quad အဖွဲ့က အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ တရားမဝင်ငါးဖမ်းမှုကို တားဆီးမည်

Quad အဖွဲ့က အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ တရားမဝင်ငါးဖမ်းမှုကို တားဆီးမည်

အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်နှင့် အိန္ဒိယတို့ ပါဝင်သည့် Quad ခေါ် ၄နိုင်ငံ လုံခြုံရေးဆွေးနွေးမှု အဖွဲ့သည်  စင်္ကာပူနှင့် အိန္ဒိယရှိ ထောက်လှမ်းရေးစင်တာများကို ချိတ်ဆက်ထား သော ဂြိုဟ်တုခြေရာခံနည်းပညာကို အသုံးပြု၍ အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ တရားမဝင်ငါးဖမ်းခြင်းကို တားဆီးရန် စီစဉ်နေကြသည်။

တရုတ်သည် တရားမဝင်ငါးဖမ်းခြင်း၏ အကြီးမားဆုံးသောအကျိုးအမြတ်များကို ခံစားနေသည်ဟု စွပ်စွဲခံထားရကာ တရုတ်ကမ်းရိုးတန်းအနီးရှိ ပစိဖိတ်ဒေသနှင့် ပင်လယ်များတွင် ငါးများကုန်ခန်းသွားမည့် အန္တရာယ်ရှိကြောင်း HK Post က ဖော်ပြသည်။

ဗြိတိန်နိုင်ငံအခြေစိုက်မီဒီယာတစ်ခုအရ Quad အဖွဲ့၏ ရေကြောင်းပဏာမခြေလှမ်းသည် ခြေရာခံစနစ်ဖန်တီးရန် စင်ကာပူနှင့် အိန္ဒိယရှိ စောင့်ကြည့်ရေးစင်တာများကို ချိတ်ဆက်ခြင်းဖြင့် အိန္ဒိယသမုဒ္ဒရာမှ တောင်ပစိဖိတ် သမုဒ္ဒရာအထိ တရားမဝင်ငါးဖမ်းခြင်းအတွက် ခြေရာခံသည့်စနစ်ဖန်တီးရန် ဂြိုဟ်တုနည်းပညာကို အသုံးပြု သွားမည်ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် HK Post ကဆိုသည်။  
ရေယာဉ်များကို ခြေရာခံရန် အသုံးပြုသည့် အချက်ပြစနစ်ကို ပိတ်လိုက်သည့်တိုင် တရားမဝင် ငါးဖမ်းမှုကို စောင့်ကြည့်ရန် နိုင်ငံများအား ကူညီနိုင်လိမ့်မည်ဟု ဆိုသည်။

ကမ်းရိုးတန်းဒေသနိုင်ငံပေါင်း ၁၅၂ နိုင်ငံတွင် တရားမဝင်သော အသိပေးမှုမရှိသော စည်းကမ်းမဲ့ငါးဖမ်းခြင်းကို တိုင်းတာသည့် အညွှန်းကိန်း (IUU) တွင် တရုတ်သည် ၂၀၂၁ ခုနှစ်၌ အဆိုးဝါးဆုံး ပြစ်မှုကျူးလွန်သူဖြစ်သည်။

တရုတ်ငါးဖမ်းသင်္ဘောများကို ကမ္ဘာ့နေရာတိုင်းတွင် တွေ့နိုင်ပေသည်။ အဆိုပါ Quad အဖွဲ့၏ ပဏာမခြေလှမ်းသည် အင်ဒို-ပစိဖိတ်ဒေသတွင်း ခြိမ်းခြောက်မှုအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း HK Post က ဖော်ပြသည်။

တရုတ်ငါးဖမ်းရေယာဉ်များသည် နိုင်ငံပေါင်း ၉၀ ကျော်၏ ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးများကို ကုန်ခမ်းစေခဲ့ကြောင်း သုတေသနက တွေ့ရှိထားသည်။ အမေရိကန်နှင့် တရုတ်အကြား ပထဝီနိုင်ငံရေး တင်းမာမှု တိုးလာခြင်းကြောင့် အာရှပစိဖိတ်ဒေသရှိ တရုတ်ငါးဖမ်းသင်္ဘောများ၏ ငါးဖမ်းခြင်းကို  IUU က ပိုမိုအာရုံစိုက်လာခဲ့သည်။


နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required