တရုတ်တွင် ခရီးသွားလုပ်ငန်း အချက်အချာကျသော နေရာများ၌  ကိုရိုနာဗိုင်းရပ် ကူးစက်မှု များဖြစ်ပွား နေခြင်းကြောင့် ရှီ၏ ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒ ဆိုးရွားစွာ ကျဆုံး

တရုတ်တွင် ခရီးသွားလုပ်ငန်း အချက်အချာကျသော နေရာများ၌  ကိုရိုနာဗိုင်းရပ် ကူးစက်မှု များဖြစ်ပွား နေခြင်းကြောင့် ရှီ၏ ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒ ဆိုးရွားစွာ ကျဆုံး

တိဗက်နှင့် ဟိုင်နန်၏ ခရီးသွားလုပ်ငန်း အချက်အချာကျသော နေရာသစ်များတွင် ကိုရိုနာဗိုင်းရပ် ကူးစက်မှု များဖြစ်ပွားနေခြင်းကြောင့် ရှီ၏ ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒသည် ဆိုးရွားစွာ ကျဆုံးခဲ့ရသည်။

ရုတ်ခြည်း အရှိန်အဟုန်ဖြင့် တင်းကျပ်သည့်ပုံစံဖြင့် တရုတ်နိုင်ငံတွင် ခရီးသွား တားမြစ်ချက်များနှင့် ကန့်သတ် ပိတ်ဆို့မှုများကြောင့် သောင်းနှင့်ချီသော သူများသောင်တင်နေခဲ့သည်။

ကိုရိုနာဗိုင်းရပ်ကူးစက်မှုသည် တရုတ်တွင် ဒေသအသစ်များသို့ ကူးစက်ပျံ့နှံ့နေသလို ယခင်ကူးစက်ခဲ့သည့် နေရာဟောင်းများတွင်လည်း ကူးစက်မှု မြင့်မားနေဆဲဖြစ်သည်။

လူနေမှုဘဝများ ထိခိုက်နစ်နာခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ဖြစ်ပေါ်စေသည့် လူထုလှုပ်ရှားမှုအပေါ် ကန့်သတ်တားမြစ်သော်လည်း ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် အလုပ်မဖြစ်ပေ။
 
ကိုရိုနာဗိုင်းရပ်ကူးစက်မှုသည် တရုတ်၏ နေရာသစ်များသို့ ပျံ့နှံ့သွားပြီး လူများကို ကူကယ်ရာမဲ့ဖြစ်စေသည်ဟု Asian Lite International က ဖော်ပြခဲ့သည်။

ရုတ်ခြည်း ပိတ်ဆို့ကန့်သတ်မှုများကြောင့် ကမ္ဘာလှည့်ခရီးသွား သောင်းနှင့်ချီ သောင်တင်နေခဲ့သည်။ ရယ်စရာ ကောင်းသည်က ၂၀၂၁ခုနှစ် အစောပိုင်းတွင် ကိုဗစ်-၁၉ ကင်းစင်ကြောင်း ပထမဆုံးကြေညာခဲ့သည့် နိုင်ငံမှာ တရုတ်ဖြစ်သည်။ 

လွန်ခဲ့သည့်ရက်အနည်းငယ်က တိဗက်တွင် ကိုဗစ်လူနာအသစ် ၂၈ ဦးကို တွေ့ရှိခဲ့သဖြင့် ဒေသတွင်း ထိတ်လန့်တကြားဖြစ်ခဲ့ရသည်။ ယခုအခါ တရုတ်အစိုးရဌာနများသည် ကုတင် ၃၀ဝဝ ကျော် ဆံ့သော ယာယီဆေးရုံများကို တည်ဆောက်လျက်ရှိသည်။

ကိုဗစ်အသစ်ဖြစ်ပွားသည့်နေရာများမှ ဒေသခံများက ၎င်းတို့၏ အလုပ်များ၊ အခြေခံလွတ်လပ်ခွင့်နှင့် စိတ်ကျန်း မာရေးကို ထိခိုက်စေနိုင်သည့် ရှန်ဟိုင်းပုံစံ ကာလကြာရှည်ကန့်သတ်ပိတ်ဆို့မှုများကို စိုးရိမ်နေကြသည်။

ကိုဗစ်စင်တာတွင် သီးသန့်ခွဲထားခံရသူများသည် အိပ်ရာ သို့မဟုတ် စောင်များ မရရှိကြဘဲ နေအိမ်များတွင် ပိတ်မိနေသူများမှာလည်း အစားအစာနှင့် ဆေးဝါးများရရှိရန် ရုန်းကန်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required