ထိုင်ဝမ်ရေလက်ကြားတွင် လက်ရှိအနေအထားကို ပြောင်းလဲရန် တရုတ်က ကြိုးပမ်းနေကြောင်း အမေရိကန် ပြောကြား

ထိုင်ဝမ်ရေလက်ကြားတွင် လက်ရှိအနေအထားကို ပြောင်းလဲရန် တရုတ်က ကြိုးပမ်းနေကြောင်း အမေရိကန် ပြောကြား

ထိုင်ဝမ်ရေလက်ကြားတွင် လက်ရှိအနေအထားကို ပြောင်းလဲရန် တရုတ်က ကြိုးပမ်းနေကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက သြဂုတ် ၁၆ရက်တွင် ပြောကြားလိုက်သည်။

"တစ်ဘက်သတ် ပြောင်းလဲဖို့ ကြိုးစားနေတာ ထင်ထင်ရှားရှားပါပဲ။ လက်ရှိ သဘောတူသက်မှတ်ချက်ကို ပြောင်းလဲဖို့ ကြိုး စားနေတဲ့ အဖွဲ့တစ်ခုရှိတယ်။ ဒီရေလက်ကြား တည်ငြိမ်ရေးနဲ့ လုံခြုံရေးဗဟိုချက်ဖြစ်တဲ့ သဘောတူသက်မှတ်ချက်ကို ပြောင်းဖို့လုပ်နေကြတာ အခုဆို နှစ်ပေါင်း ၄၀ လောက်ရှိပါပြီ” ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်က ပြောကြားခဲ့သည်။ 

အရှေ့အာရှ၊ ပစိဖိတ်နှင့် နိုင်ငံတကာဆိုက်ဘာလုံခြုံရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ အထက် လွှတ်တော်အမတ် အက်ဝစ် မာကေဦးဆောင်သော အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့၏ နောက်ဆုံး ခရီးစဉ်အပြီး ယခု ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 
ယင်းသည် တရုတ်ကို ဒေါသထွက်စေခဲ့သည့် အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလိုစီ၏ အလည်အပတ် ခရီးစဉ်အပြီး ရက်ပိုင်းအတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ 

ထိုင်ဝမ်သို့ အမေရိကန်လွှတ်တော်အမတ်များ၏ ခရီးစဉ်သည် အမေရိကန်၏ ကာလကြာရှည် ရပ်တည်ခဲ့သည့် နိုင်ငံရေးပါတီနှစ်ခုစလုံး၏  မူဝါဒနှင့် အညီဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ထို့ပြင် ထိုင်ဝမ်သမ္မတ ချိုက်အင်းဝမ်နှင့် အမေရိကန်လွှတ်တော်အမတ်အဖွဲ့တို့ တွေ့ဆုံစဉ် ထိုင်ဝမ်၏ ပန်ဟူကျွန်းများအနီးတွင် စစ်ရေးလေ့ကျင့်မှုများ ပိုမိုပြုလုပ်ခဲ့ကြောင်း တရုတ်စစ်တပ်က ပြောကြားခဲ့သည်။

ဒေသတွင်းတရုတ်၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် နိုင်ငံတကာဥပဒေနှင့်အညီ ဒေသတွင်းတွင် အမေရိကန်က လေယာဉ်ပျံသန်းခြင်း၊ သင်္ဘောခုတ်မောင်းခြင်းစသည့် လုပ်ဆောင်ချက်များ လုပ်ဆောင် သွားမည်ဟု နက်ပရိုက်က အလေးပေး ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly