အိန္ဒိယနှင့် နယ်စပ်တွင် လက်ရှိအခြေအနေများ တည်ငြိမ်နေကြောင်း တရုတ်သံအမတ်ကြီး ပြောကြား

အိန္ဒိယနှင့် နယ်စပ်တွင် လက်ရှိအခြေအနေများ တည်ငြိမ်နေကြောင်း တရုတ်သံအမတ်ကြီး ပြောကြား

အိန္ဒိယနှင့် နယ်စပ်တွင် လက်ရှိအခြေအနေများ တည်ငြိမ်နေသည်ကို သတိပြုမိပြီး တရုတ်သံအမတ်ကြီး ဆွန်ဝေတုန်က အိန္ဒိယနှင့် တရုတ်လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များနှင့် အညီ ယင်းနေရာ တွင်  လုပ်ဆောင်စရာရှိသည်များကို လုပ်ဆောင်နေကြောင်း ပြောကြားလိုက်သည်။

လာဒတ်ချ်အရှေ့ပိုင်းရှိ နယ်စပ်ထိန်းချုပ်ရေးမျဉ်း (LAC) အနီးတွင် တရုတ်တိုက်ခိုက်ရေး ဂျက်တိုက် လေယာဉ်တချို့ ပျံသန်းနေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

“အိန္ဒိယနဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီချက်တွေအရ တရုတ်က နယ်စပ်မှာ လုပ်စရာရှိတာ အားလုံးကို လုပ်ဆောင်နေပါတယ်။ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး တိကျတဲ့ အချက်အလက် မရပါဘူး။ နယ်စပ်မှာ လက်ရှိအခြေအနေက တည်ငြိမ်နေပါတယ်” ဟု ဆွန်ဝေတုန်က သြဂုတ်လ ၁၃ရက်က ပြောကြားခဲ့သည်။

နယ်စပ်ဒေသ တည်ငြိမ်ရေးကို အနှောင့်အယှက်ပေးပါက အိန္ဒိယ-တရုတ် ဆက်ဆံရေးသည် ပုံမှန်မဖြစ်နိုင်ဘဲ တရုတ်က တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်မည်ဆိုပါက ဆက်ဆံရေးအပေါ်အကျိုးသက်ရောက်စေမည်ဟု ပြည်ပရေး ရာဝန်ကြီးဂျိုင်းရှန်ကာက သြဂုတ်လ ၁၂ရက်တွင် ပြောကြားခဲ့သည်။

“နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို တရုတ်က နှောင့်ယှက်ရင် ဆက်ဆံရေးကို ထိခိုက် လိမ့်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးနဲ့ နယ်စပ်အခြေအနေက ပုံမှန်မဟုတ်တာကြောင့် ပုံမှန်မဖြစ်နိုင်ပါဘူး” ဟု အိန္ဒိယ-တရုတ် ပြဿနာနှင့် ပတ်သက်၍ ဘန်ဂလောမြို့တွင် ပြည်ပရေးရာဝန်ကြီးဂျိုင်းရှန်ကာကပြောကြားခဲ့သည်။

ထိုဒေသတွင် ပြီးခဲ့သည့် ၄၅ ရက်အတွင်း တရုတ်ဘက်မှ လေကြောင်းကျူးကျော်မှုနှင့် ရန်စမှုများကို ပြုလုပ်ခဲ့ သည်ကို ဆွေးနွေးရန် ပြီးခဲ့သည့် သီတင်းပတ်က အိန္ဒိယနှင့် တရုတ်တို့သည် အရှေ့ပိုင်း လာဒတ်ချ်ရှိ ချူစူး-မိုလ်ဒို နယ်စပ်အစည်း အဝေးတွင် အထူးစစ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြသည်။

"စစ်ရေး ဆွေးနွေးပွဲအတွင်း အရှေ့ပိုင်းလာဒတ်ချ်အနီးတွင် တစ်လကျော်ကြာ တရုတ် လေယာဉ်ပျံသန်းမှု တွေကို  အိန္ဒိယဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး ယခုလို ရန်စသော လှုပ်ရှားမှုတွေကို ရှောင်ရှားဖို့ တောင်းဆိုခဲ့ပါတယ်" ဟု အစိုးရသတင်းရင်းမြစ်များက ANI သို့ ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ နှစ်ဖက်တပ်မှ လေတပ် အရာရှိများနှင့် စစ်တပ်ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly