အာဖဂန်တွင် ဖြစ်ပေါ်သော စားနပ်ရိက္ခာနှင့် အကြွေးအကျပ်အတည်းက ကြီးမားသည့် သက်ရောက်မှုများ ရှိစေနိုင်

အာဖဂန်တွင် ဖြစ်ပေါ်သော စားနပ်ရိက္ခာနှင့် အကြွေးအကျပ်အတည်းက ကြီးမားသည့် သက်ရောက်မှုများ ရှိစေနိုင်

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့ ထိန်းချုပ်ပြီးနောက်ပိုင်း   ကြီးမားသော လူသားချင်းစာနာမှု အကျပ်အတည်းတစ်ခုအောက် ကျရောက်လျက်ရှိသလို   တစ်ပြိုင်နက်တည်း ဖြစ်ပေါ်သော စားနပ်ရိက္ခာနှင့် အကြွေး အကျပ်အတည်းတို့၏ အကြီးမားဆုံးသော အန္တရာယ်နှင့်လည်း ရင်ဆိုင်နေရသည်ဟု ကမ္ဘာ့ဘဏ်က မကြာသေးခင်က ထုတ်ပြန်သော အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။

“ကြွေးမြီနဲ့ စားနပ်ရိက္ခာ အကျပ်အတည်းတွေ တစ်ချိန်တည်းမှာပဲ ထပ်တူဖြစ်ပွားတာက အကြီးအကျယ် မွေနှောက်ဖျက်ဆီးတဲ့ သက်ရောက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ နိုင်ငံတကာ အကူအညီကပဲ တစ်ခုတည်းသော ဖြေရှင်းချက် ဖြစ်ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြသည်။
 
အာဖဂန်နစ္စတန်တွင် စီးပွားရေးပြဿနာများ တိုးလာခြင်းအတွက် အဓိက အကြောင်းရင်းများထဲတွင် ရင်းနှီးမြှုပ်နှံမှု မရှိခြင်းကလည်း တစ်ခု အပါအဝင် ဖြစ်ကြောင်း လေ့လာသုံးသပ်သူအ ချို့၏ ပြောကြားချက်ကို ကိုးကားပြီး Tolo News က ဖော်ပြသည်။

တစ်ပြိုင်နက်တည်း ဖြစ်ပေါ်သော စားနပ်ရိက္ခာနှင့် ကြွေးမြီ အကျပ်အတည်းများ၏ အကြီးမားဆုံး အန္တရာယ်နှင့် ရင်ဆိုင်နေရသော နိုင်ငံ ခုနစ်နိုင်ငံထဲတွင် အာဖဂန်နစ္စတန်က ထိပ်ဆုံးတွင် ရပ်တည်နေပြီး အဆိုပါနိုင်ငံ၏ နောက်တွင် အီရစ်ထရီးယား၊ မော်ရစ်တေးနီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ တာဂျစ်ကစ္စတန်နှင့် ယီမင်တို့ ရှိနေကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြသည်။

အာဖဂန်၏ တာလီဘန် စီးပွားရေးဝန်ကြီးဌာနသည် အဆိုပါ အစီရင်ခံစာကို ပြန်လည် တုံ့ပြန်သွားခဲ့ပြီး ၎င်းတို့နိုင်ငံတွင် စီးပွားရေး ဝရုန်းသုန်းကား အခြေအနေသည် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့်ဟု ပြစ်တင်ဝေဖန်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required