မန်ချက်စတာယူနိုက်တက်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ မူအရ ကာစီမီရို သဘောတူ

မန်ချက်စတာယူနိုက်တက်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ မူအရ ကာစီမီရို သဘောတူ

 ရီးယဲလ်မက်ဒရစ် ကွင်းလယ်လူ ကာစီမီရိုဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပုဂ္ဂိုလ်ရေးမူအရ သဘောတူညီမှုရယူလိုက်ပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အသက်၃၀ အရွယ် ဘရာဇီးလ်လက်ရွေးစင်ကစားသမားကို ယူရိုသန်း ၆၀ နဲ့ ခေါ်ယူရဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာ တနင်္လာနေ့ညမှာ လီဗာပူလ်နဲ့ ပွဲစဉ်မတိုင်ခင် အချိန်မီ ကာစီမီရိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အလုပ်ပါမစ်ရရှိဖို့ လိုအပ်တာကြောင့် ယူနိုက်တက်ဟာ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ သတင်းရင်းမြစ်တေ့က ဆိုပါတယ်။

ရီးယဲလ်နည်းပြ ကာလိုအန်ဆယ်လော့တီဟာ အသင်းနှင့် ချန်ပီယံလိဂ်ငါးကြိမ်ဆက်ရရှိသူ ကာစီမီရိုကို ဆုံးရှုံးလိုက်ရတာနဲ့ပတ်သက်ပြီး "စိတ်ရှုပ်စရာ မရှိဘူး"လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ရီးယဲလ်ဟာ ပြီးခဲ့သည့်နှစ်က ပြင်သစ်ကွင်းလယ်ကစားသမား ကာမာဗင်ဂါနဲ့ ချူအာမီနီတို့ကို ခေါ်ယူခဲ့ပြီး လူကာမိုဒရစ်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

မိုနာကိုမှ ချူအာမီနီရဲ့ ပြောင်းရွှေ့ကြေး ပေါင် ၈၅.၃ သန်းနဲ့ ရောက်ရှိလာတာကြောင့် ကာစီမီရိုဟာ စိတ်ပျက်မိတယ်လို့ ယုံကြည်ရပါတယ်။

ဇွန်လတွင် စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ နေမန်ဂျာမာတစ် ထွက်ခွာသွားတာဟာ ယူနိုက်တက်အသင်းမှာ ခံစစ်ကွင်းလယ်လူတစ်ဦးမှမရှိနေတာဖြစ်ပြီး ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်တို့ကို ရှုံးနိမ့်ခဲ့တဲ့ပွဲတွေမှာ ပျက်ပြားသွားတာ ထင်ရှားစေပါတယ်။

ယူနိုက်တက်ဟာ အရင်က မက်ဒရစ်ကနေ ဗရန်းနဲ့ ဒီမာရီယာတို့ကို ဝယ်ယူခဲ့ပါတယ်။ ဒီမာရီယာဟာ ၂၀၁၄ ခုနှစ်က ပေါင် ၅၉.၇ သန်းနဲ့ ဗြိတိန်စံချိန်တင် ခေါ်ယူခဲ့ပြီး သူ့ရဲ့အရင်ဆန္ဒက ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့လိုတာဖြစ်ပြီး ကလပ်မှာ တစ်ရာသီကြာသာ ကစားခဲ့ပါတယ်။

အသက်၂၉ နှစ်အရွယ် ဗရန်းဟာ အရင်နှစ်က ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်းနဲ့ ရောက်ရှိလာပေမယ့်လဉ်း ဒဏ်ရာပြဿနာကြောင့် ၂၉ ပွဲသာ ကစားခဲ့ပြီး ဒီရာသီမှာ အရန်ခုံတန်းမှာ စတင်ပါဝင်ခဲ့ပါတယ်။

တန်ဟက်ဂ်ဟာပြီးခဲ့တဲ့ အပတ်က ဘရန့်ဖို့ဒ်ကို ၄-၀ နဲ့ အရေးနိမ့်ပြီးနောက် လီဗာပူးလ်နဲ့ပွဲအတွက် ခံစစ်မှူး ဗရန်းကို ပြန်လည်ပွဲထွက်ဖိုံ မျှော်လင့်ရပါတယ်။

Ref; Manchester Evening News

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly