မြန်မာ့မီးရထားမှ ဝန်ဆောင်မှုပိုကောင်းအောင်ပြုလုပ်မည်

မြန်မာ့မီးရထားမှ ဝန်ဆောင်မှုပိုကောင်းအောင်ပြုလုပ်မည်

ရန်ကုန်၊ဖေဖော်ဝါရီ ၁၉ ။             ။ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်သည့် မြို့ပတ်မီးရထား သယ်ယူပို့ဆောင်ရေးစနစ်ကို ပြည်သူများက အသုံးပြုပိုများလာသည့် အတွက်ကြောင့်ယခုထက် ပိုကောင်းသည့် ဝန်ဆောင်မှုများဖြစ်အောင်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်း၏ရန်ကုန်တိုင်းဒေသကြီးမန်နေဂျာ ဦးကျော်စိုးလင်းက ပြောသည်။

"ကျတော်တို့ ရထားပို့ဆောင်ရေးကဈေးသက်သက်သာသာနဲ့ လူများများကိုသယ်ပို့တဲ့ စနစ်ဖြစ်တာပေါ့နော် ဒါကြောင့်မို့ကျတော်တို့ ကျတော်တို့ ခရီးသွားပြည်သူတွေအတွက် အင်မတန်မှ အသုံးတည့်တဲ့ စနစ်ဖြစ်တာပေါ့နော် ဒါကြောင့် ကျတော်တို့ကရထားပေါ်ကိုခရီးသည်များများစီးနင်းလာဖို့ ကြိုးစားဆောင်ရွက်နေရတာဖြစ်ပါတယ်။"၎င်းကဆိုသည်။

ယာဉ်ကြောပိတ်ဆို့မှုကို တဖက်တလမ်းက ဖြေရှင်းပေးသည့်အနေဖြင့် အများပြည်သူသုံးသယ်ယူ ပို့ဆောင်ရေးစနစ်ကို ရေရှည်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဦးကျော်စိုးလင်းက ထပ်လောင်းပြောကြား သည်။

"ဘာတွေပြောင်းလဲလဲဆိုတော့ ကျတော်တို့ ရထားစီးတဲ့ တောက်လျှောက် ထူးထူးခြားခြားပြောင်းလဲလာတော့မရှိပါဘူး၊ ဒါပေမယ့် တွဲအသစ်တွေတော့ ချိန်းတာပေါ့နော်၊အရင်တုန်းက ဆိုသင်္ဃန်းကျွန်း ဘက်ရထားဆိုတွဲတွေက ဟောင်းတယ်ပေါ့နော် အခုနောက်ပိုင်းတော့ သူတို့တွဲအသစ်လေးတွေ ချိန်းပေးပါတယ်။"ဟု မြို့ပတ်ရထားပုံမှန်စီးနင်းသည့် ကုမ္ပဏီ ဝန်ထမ်းဖြစ်သူ မအိချယ်ရီအောင် ကပြော သည်။

၂၀၁၅ခုနှစ်တွင် ယာဉ်ကြောများသိသိသာသာပိတ်လာသည့် အတွက် ရုံးချိန်နောက်ကျမှုများဖြစ်လာကြောင်း၊ ယင်းအတွက်ကြောင့် ချိန်ထိုးတွက်ဆမှုများအရ ရထားစီး၍ ရုံလာခြင်းမှာ အဆင်ပြေ သည့်အတွက် ရထားပြောင်းစီးခဲ့ကြောင်း ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုစိုးသန်း ကပြောသည်။
 
လက်ရှိရန်ကုန်မြို့လူဦးရေ၏ ၂၅ ရာခိုင်နှုန်းခန့်က မြို့ပတ်နှင့် ဆင်ခြေဖုန်းကိုပြေးဆွဲနေသည့် မီးရထားစနစ်ကို အသုံးပြုနေပြီး နေ့စဉ်ခရီးသည် ခုနှစ်သောင်းသုံးထောင်လောက်ခန့်ရှိသည်ဟု  မြန်မာ့ မီးရထား၏ အချက်အလက်များအရသိရသည်။

မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မြို့ နှင့် ဆင်ခြေဖုန်းဒေသများတွင် မီးရထားတွဲဆိုင်းပေါင်း၂၃ခုနှင့် အခေါက်ရေစုစုပေါင်း ၂၁၅ ခေါက်လောက်ပြေးဆွဲနေပြီးနေ့စဉ်ပျှမ်းမျှဝင်ငွေ ကျပ်သိန်းတစ်ရာနီးပါး ရရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly