ကိုဗစ်-၁၉ ပျံ့နှံ့မှုမတားဆီးနိုင်မှုဖြင့် တရုတ်အစိုးရက တိဗက်ကျန်းမာရေးအရာရှိ ၃ ဦးကို ရာထူးမှ ဖယ်ရှား

ကိုဗစ်-၁၉ ပျံ့နှံ့မှုမတားဆီးနိုင်မှုဖြင့် တရုတ်အစိုးရက တိဗက်ကျန်းမာရေးအရာရှိ ၃ ဦးကို ရာထူးမှ ဖယ်ရှား

ကိုဗစ်-၁၉ ပျံ့နှံ့မှုကို တားဆီးရာတွင် အောင်မြင်စွာမလုပ်ဆောင်နိုင်ခဲ့သော တိဗက်ကျန်းမာရေးအရာရှိ ၃ ဦးကို တရုတ်အစိုးရက ရာထူးမှ ဖယ်ရှားလိုက်သည်။

ရာထူးမှ ထုတ်ပယ်ခံရသူများတွင် တိဗက်မြို့တော် လာဆာ၏ မြူနီစပါယ်ကျန်းမာရေးကော်မရှင် ညွှန်ကြားရေးမှူး  ပါတီအတွင်းရေးမှုဖြစ်သူနှင့်  ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန အတွင်းရေးမှူးတို့ လည်းပါဝင်ကြောင်း ဩဂုတ် ၁၄ ရက်က ထုတ်ပြန်သည့် ဒေသန္တရာအစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးကို ကောင်းစွာမလုပ်ဆောင်နိုင်သဖြင့် ထုတ်ပယ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

တိဗက်တွင် ဩဂုတ် ၁၅ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦးတွေ့ရှိခဲ့သည်။ ကပ်ရောဂါစတင်ဖြစ်ပွားချိန် ၂၀၂၀ ခုနှစ်ဇန်နဝါရီလက ကူးစက်မှု တစ်ခုတွေ့ရှိပြီးနောက်ပိုင်း တိဗက်ဒေသတွင် ဗိုင်းရပ်စ်ကူးစက်မှုလက္ခဏာ ပထမဆုံးတွေ့ရှိခြင်းဖြစ်သည်။ ဩဂုတ် ၁၂ ရက်က လာဆာတွင် ရောဂါကူးစက်သူ ၈၁ ဦးတွေ့ရှိပြီးနောက် မြို့ကို တစ်စိတ်တစ်ပိုင်းအသွားအလာပိတ်ဆို့ခဲ့သည်။

လာဆာမြို့တွင် ကုတင် ၂၀၀၀ နှင့် ရှီဂတ်ဆဲမြို့ တွင် ကုတင် ၁၀၀၀ ဆံ့ အဆောက်အအုံသစ်များကိုလည်း တည်ဆောက်နေသည်။

ပေကျင်းမှ ကျန်းမာရေးပညာရှင်များသည် ထိန်းချုပ်ရေးအစီအမံများလုပ်ဆောင်ရန် လာဆာသို့ ရောက်ရှိလာ ခဲ့ကြသည်။ ကိုဗစ်-၁၉ ကူးစက်မှုများသည် မကြာသေးခင်ရက်များအတွင်း တရုတ်နိုင်ငံ တခြားနေရာများ၌ ပြန်လည်စတင်လာခဲ့သည်။ 
 
ဟိုင်နန်ပြည်နယ်မြို့တော် ဟိုင်ကိုးတွင်လည်း မြို့တစ်လွှား ၇ ကြိမ်မြောက် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ရန် ဩ ဂုတ် ၁၂ ရက်က မနက် ၇ နာရီမှ ည ၈ နာရီအထိ အသွားအလာပိတ်ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly