ဩစတြေးလျရှိ သတ္တုတွင်းသစ်များက မြေရှားသတ္တုအပေါ် တရုတ်လွှမ်းမိုးနေမှုကို ဖယ်ရှားလိမ့်မည်ဟု အစီရင်ခံစာတစ်ရပ်၌ ဖော်ပြ

ဩစတြေးလျရှိ သတ္တုတွင်းသစ်များက မြေရှားသတ္တုအပေါ် တရုတ်လွှမ်းမိုးနေမှုကို ဖယ်ရှားလိမ့်မည်ဟု အစီရင်ခံစာတစ်ရပ်၌ ဖော်ပြ

တရုတ်နိုင်ငံ၏ မော်တော်ယာဥ်ထုတ်လုပ်မှုသည် ယခုနှစ် ပထမနှစ်ဝက်တွင် နှေးကွေးသဖြင့် ဈေးနှုန်းများ ကျဆင်းနေခြင်းနေချိန်တွင် သြစတြေးလျနှင့် အခြားဒေသအသီးသီး၌ သတ္တုတွင်းအသစ်များ စတင်တူးဖော်ရန် စီစဉ်ထားသောကြောင့် တရုတ်နိုင်ငံ၏ မြေရှားပါးသတ္တုအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်မှုသည် ပျောက်ကွယ် သွားဖွယ်ရှိသည်။

မော်တော်ကားနှင့် စွမ်းအင်ချွေတာသော အိမ်သုံးမော်တာများတွင် သံလိုက်အတွက် အသုံးပြုသည့် နီအိုဒီယမ် ထုတ်လုပ်မှုသည် ယခုလတွင်  ၉လမြောက်အဖြစ် အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့သလို အော်တိုမော်တာ သံလိုက်များ တွင်လည်း အသုံးပြုသော ဒစ်စပိုစီယမ်ထုတ်လုပ်မှုသည်လည်း ၁၉ လအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိသွားသည်ဟု Nikkei Asia က ဖော်ပြသည်။

 အဆိုပါ သတ္တုများသည် စမတ်ဖုန်းများမှစ၍ လျှပ်စစ်ကားများနှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများအထိ နည်းပညာ မြင့် ပစ္စည်းများထုတ်လုပ်ရာတွင် အရေးပါသည်။

 တရုတ်သည် ယခင်က ကမ္ဘာ့မြေရှားသတ္တုတူးဖော်မှု၏ ၉၀ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။ 

တရုတ်ငါးဖမ်းသင်္ဘောနှင့် ဂျပန်ကမ်းခြေစောင့်သင်္ဘောတစ်စီးတို့ ဆန်ကာကူကျွန်းများအနီးတစ်ဝိုက်တွင် တိုက်မိပြီးနောက် တရုတ်က ၂၀၁၀ ခုနှစ်တွင် ဂျပန်သို့ တင်ပို့မှု ပိတ်ပင်လိုက်ပြီးနောက် ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး ဖောက်သည်အများအပြားသည် တခြားပေးသွင်းသူများကို ရှာဖွေလာကြသည်။
 
တရုတ်ဈေးကွက်သည် ၂၀၂၁ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်း ကျဆင်းလာကြောင်း အမေရိကန် ဘူမိဗေဒစစ်တမ်းအရ သိရသည်။ 

ဖေဖော်ဝါရီလက ဘိုင်ဒင်အစိုးရသည် ပြည်တွင်း၌ မြေရှားသတ္တုသံလိုက်တူးဖော်ခြင်း အဆင့်အားလုံးကို ကိုင်တွယ်ရန်အစီအစဉ်များကို ဖော်ထုတ်ခဲ့သည်။

တရုတ်နှင့် မြန်မာတို့သည် ဒစ်စပိုစီယမ်နှင့် တာဘီယမ် စျေးကွက်လွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းထားရန် မျှော်လင့်ထားသော်လည်း နိုင်ငံများသည် တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို တဖြည်းဖြည်း လျှော့ချလာကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly