တရုတ် အမျိုးသားရေးစိတ်ဓာတ်ကို အားကောင်းအောင်ပြုလုပ်ခြင်းသည် စီးပွားရေးကို ဆုံးရှုံးစေနိုင်သောကြောင့် သမ္မတရှီ အကျပ်ရိုက်နေ 

တရုတ် အမျိုးသားရေးစိတ်ဓာတ်ကို အားကောင်းအောင်ပြုလုပ်ခြင်းသည် စီးပွားရေးကို ဆုံးရှုံးစေနိုင်သောကြောင့် သမ္မတရှီ အကျပ်ရိုက်နေ 

သမ္မတအဖြစ် တတိယအကြိမ်သက်တမ်းရယူရန် မတိုင်မီ တရုတ်သမ္မတ၏ အခြေအနေကို တုံ့ပြန်မှုသည် တရုတ်အမျိုးသားရေး စိတ်ဓာတ်ကို အားကောင်းအောင်ပြုလုပ်နေရုံသာမက စီးပွားရေးကုန်ကျစရိတ်များကို စီမံခန့်ခွဲရာနှင့် အမေရိကန်နှင့် သံတမန်ရေးအရ ထိခိုက်မှုများကြောင့် ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှု  အရိပ်အယောင်များ တွေ့မြင်နေရချိန်တွင် တရုတ် သမ္မတရှီကျင့်ဖျင်သည် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

တရုတ်ကို ဒေါသဖြစ်စေခဲ့သည့် မကြာသေးမီက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ထိုင်ဝမ် ခရီးစဉ်ကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းရှာဖွေရေးအတွက် ရှီကျင့်ဖျင်က ဆက်လက်ရုန်းကန်နေရသည်။

အကြိမ် ၂၀ မြောက် ပါတီညီလာခံ နီးကပ်လာချိန်တွင် ယခုအချိန်သည် ရှီအတွက် နိုင်ငံရေးအရ ထိလွယ် ရှလွယ်အချိန်ဖြစ်သည်။

ထိုင်ဝမ်ရေလက်ကြားရှိ တင်းမာမှုများကို ကိုင်တွယ်ဖြေရှင်းရေး သန္နိဋ္ဌာန်မှာ မယိမ်းမယိုင်တည်ရှိနေကြောင်း ၎င်းက တရုတ်ပြည်သူများကို ပြသလိုသည်။

တရုတ်၏ စစ်အင်အားပြမှုသည် တန်ပြန်သက်ရောက်မှုများ ရှိလာမည်ဖြစ်ပြီး ရှီသည် တရုတ်စီးပွားရေးကို မထိ ခိုက်စေဘဲ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း ၎င်းက ပြသလိုသည်ဟု Al Jazeera က ဖော်ပြ ခဲ့သည်။

တရုတ်စီးပွားရေးသည် အကျဘက်ရောက်နေပြီး ရှီကျင့်ဖျင်ခြေလှမ်းတိုင်းကို သတိဖြင့် စောင့်ကြည့်ရမည် ဖြစ်သည်။

 ကနေဒါနိုင်ငံ MacDonald-Laurier Institute ၏ တိုကျိုအခြေစိုက် တရုတ်ဆန်းစစ်လေ့လာသူနှင့် အကြီးတန်း သုတေသီ စတီဖင်နေးက Al Jazeera နှင့် တွေ့ဆုံခန်းတွင် “ဒါက ရှီကို မဖြစ်နိုင်တဲ့ အနေအထားမှာ ထားလိုက် ပါပြီ” ဟု ပြောကြားခဲ့သည်။

 “'တရုတ်တစ်နိုင်ငံ မူဝါဒ' ကို ရှင်းရှင်းလင်းလင်း ချိုးဖောက်မှုလို့ နားလည်ထားပြီး ခိုင်မာတဲ့ တုံ့ပြန်မှုကို မျှော် လင့်နေတဲ့ တရုတ်ပြည်တွင်းက အမျိုးသားရေး အင်အားစုတွေရဲ့ ဖိအားပေးဒဏ်တွေ ရှီ ခံနေရပါတယ်။ သူက ဒီမျှခြေကို ဟန်ချက်ညီအောင်လုပ်နိုင်ဖို့ မလွယ်ပါဘူး” 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required