အထွေထွေဆန္ဒပြ ကန့်ကွက်မှုများ ပေါ်ပေါက်လာမည်ကို စိုးရိမ်နေသဖြင့် တရုတ်သမ္မတက လုံခြုံရေးကို တင်းကျပ်ထား

အထွေထွေဆန္ဒပြ ကန့်ကွက်မှုများ ပေါ်ပေါက်လာမည်ကို စိုးရိမ်နေသဖြင့် တရုတ်သမ္မတက လုံခြုံရေးကို တင်းကျပ်ထား

အကျင့်ပျက်ခြစားမှုနှင့် မညီမျှမှုများနှင့် စပ်လျဉ်း၍ ပြည်သူများက ဒေါသဖြစ်မှု၊ လူထုအုံကြွမှုအပါအဝင် တစ်ချိန်က ကွန်မြူနစ်လွန်နိုင်ငံများတွင် နိုင်ငံရေးအပြောင်းအလဲများစွာကို ဖြစ်ပေါ်စေခဲ့သည့် “အရောင် တော်လှန်ရေး” (Colour revolution)ကဲ့သို့ တော်လှန်ရေးမျိုးဖြင့် ရင်ဆိုင်ရမည်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က စိုးရိမ်နေသည်။ 

ပြည်ပအင်အားစုများက ယင်းအခြေအနေကို အသုံးချနိုင်သည့် ခြိမ်းခြောက်မှုအဖြစ် ရှီက ရှုမြင်ပြီး အခြေအနေများကို တိုက်ဖျက်ရန် ပြင်ဆင်သည့်အနေဖြင့် “Colour revolution” ကို ခုခံကာကွယ်ရန် တစ်နိုင်ငံလုံးကို စာရင်းသွင်းခဲ့သည်။

အနောက်အင်အားကြီးနိုင်ငံများသည် တရုတ်တွင် Colour revolution ဖြစ်ပေါ်စေရန် ကျောထောက် နောက်ခံပြုနေသည်ဟု ရှီက ယူဆသောကြောင့် ထိုင်ဝမ်၊ ကိုဗစ်အခြေအနေနှင့် အခြားအခြေအနေအားလုံးကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားသည်။

အမေရိကန်သမ္မတ အိုဘားမားနှင့် ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်တို့နှင့် ဆွေးနွေးခဲ့ချိန်က တရုတ်သည် “Colour revolution” ၏ ပစ်မှတ်ဖြစ်လာနေကြောင်းနှင့် ဒီမိုကရေစီအမည်ဖြင့် လူထုမငြိမ်မသက်ဖြစ်လာနိုင်သဖြင့် အနောက်နိုင်ငံများကို အပြစ်တင်ခဲ့သည်ဟု New York Times က ဖော်ပြခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသတစ်ဝန်း အာရပ်နွေးဦးအုံကြွမှုများက သူ၏ စိုးရိမ်မှုများကို ပိုမိုမြင့်တက်စေခဲ့သည်။ အာရပ်လူထုအုံကြွမှုသည် အာရပ်ကမ္ဘာအနှံ့အပြားတွင် ပျံ့နှံ့ခဲ့ပြီး အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများ၊ လူထုအုံကြွ မှုနှင့် လက်နက်ကိုင်ပုန်ကန်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ယင်းကြောင့် လူထု၏ ဒေါသကို ခံနိုင်ရည်မရှိသည့် တရုတ်တွင် နက်ရှိုင်းသည့် အကြောက်တရားများ တိုးပွား စေခဲ့သည်။

“အရောင်တော်လှန်မှုတွေအကြောင်း သူအမြဲပြောနေလိမ့်မယ်။ အဲဒါက သူ့အတွက် ရှေ့တန်းတင်တဲ့ ကိစ္စ ဆို တာ ထင်ထင်ရှားရှားပါပဲ” ဟု ရှီက နောက်ပိုင်းတွင် အိမ်ဖြူတော်သို့ သွားရောက်လည်ပတ်စဉ်က တရုတ် ဆိုင်ရာ အမျိုးသားလုံခြုံရေးကောင်စီ ဒါရိုက်တာဖြစ်ခဲ့သည့် ရိုင်ရန်ဟက်စ်က ပြောကြားခဲ့သည်။

လူထုအုံကြွမှုနှင့် အခြားသော “Colour revolution” ၏ အဆိုးဆုံးစိုးရိမ်ကြောက်ရွံ့မှုများကို ဖျောက်ဖျက် ရန် ကြိုးပမ်းသည့်အနေဖြင့် ရှီသည် တရုတ်တွင် “အမျိုးသားလုံခြုံရေး” ဟူသော အဓိပ္ပာယ်ကို ချဲ့ထွင်ခဲ့ပြီး၊ ပြည်တွင်းအားနည်းချက်ကို ချုပ်ကိုင်လာနိုင်သည့် ပြည်ပမှ မည်သည့်ခြိမ်းခြောက်မှုမျိုးကိုမဆို ကိုင်တွယ် ဖြေရှင်း ရေးအတွက် ပါတီက ပိုမိုထိန်းချုပ်လာခဲ့သည်ဟု သတင်းဌာနက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly