လွတ်လပ်ရေးကို ထောက်ခံအားပေးသည့် ထိုင်ဝမ်အရာရှိ ၇ ဦးကို တရုတ်က ပိတ်ဆို့ အရေးယူမှု ချမှတ်

လွတ်လပ်ရေးကို ထောက်ခံအားပေးသည့် ထိုင်ဝမ်အရာရှိ ၇ ဦးကို တရုတ်က ပိတ်ဆို့ အရေးယူမှု ချမှတ်

ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံအားပေးသည့် ထိုင်ဝမ်အရာရှိ ၇ ဦးကို တရုတ်က ပိတ်ဆို့ အရေးယူမှုချမှတ်  လိုက်သည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီသည် သြဂုတ်လအစောပိုင်းက ထိုင်ဝမ်သို့ လာရောက် လည်ပတ်ပြီးနောက် ပိတ်ဆို့အရေးယူမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။  

အဆိုပါ လပ်ရပ်သည် လွတ်လပ်ရေးလိုလားသော အင်အားစုများကို မှားယွင်းစွာ လုပ်ဆောင်ပြခြင်း ဖြစ်သည်ဟု တရုတ်က ပြောကြားခဲ့သည်။

ဒီမိုကရေစီနည်းကျ ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်သည် တရုတ်က အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်း ကြေညာမှုကို ငြင်းဆို ထားသည်။

တရုတ်အစိုးရ၏ ထိုင်ဝမ်ရေးရာရုံးမှ ဒဏ်ခတ်အရေးယူခံရသူများထဲတွင် အမေရိကန်နိုင်ငံအတွက် ထိုင်ဝမ်သံအမတ်ကြီး ကဲ့သို့ဆောင်ရွက်နေသည့် စောင်ဘီကင်နှင့် ထိုင်ဝမ်အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူး ဝယ်လန်တန်ခူးတို့ ပါဝင်ကြောင်း တရုတ်အစိုးရသတင်းဌာန ဆင်ဟွာက ဖော်ပြခဲ့သည်။

ထိုင်ဝမ်အာဏာရနိုင်ငံရေးပါတီဖြစ်သည့် ဒီမိုကရက်တစ်တိုးတက်ရေးပါတီမှ နိုင်ငံရေးသမားများကိုလည်း ဒဏ်ခတ် အရေးယူခဲ့သည်။

ဒဏ်ခတ်ပိတ်ဆို့ခံထားသူများသည် တရုတ်၊ ဟောင်ကောင်နှင့် မကာအိုသို့ သွားရောက်နိုင်မည်မဟုတ်ကြောင်း ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ 

သူတို့နှင့် ပတ်သက်သည့် ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများသည်လည်း တရုတ်တွင် အလုပ်လုပ်ကိုင်နိုင်မည် မဟုတ်ပေ။

ယခင်ကတည်းက  ဒဏ်ခတ် ပိတ်ဆို့ခံထားရသော ထိုင်ဝမ်ဝန်ကြီးချုပ် စုတန်ချန်၊ နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူနှင့် လွှတ်တော်ဥက္ကဋ္ဌ ယိုစီကွန်တို့အပြင် ယခု နောက်ထပ် ၇ ဦးကိုပါ ထပ်မံပိတ်ဆို့ အရေးယူလိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required