FIFPro မှ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးအသင်းကို ပထမဆုံး ရွေးချယ်

FIFPro မှ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးအသင်းကို ပထမဆုံး ရွေးချယ်

နယ်သာလန်၊ ဖေဖော်ဝါရီ ၁၉ ။              ။ နိုင်ငံတကာပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အစည်းအရုံး FIFPro သည် အမျိုးသမီးဘောလုံးလောကကို ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးဘောလုံးသမား ၁၁ ဦးကို ရွေးချယ်ခဲ့သည်။

ဖီဖာမှ ရွေးချယ်ပေးအပ်သည့် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုပေးပွဲတွင် အမျိုးသမီးအကောင်းဆုံးဘောလုံးသမားဆု ပါဝင်သော်လည်း အကောင်းဆုံးအမျိုးသမီးအသင်းမှာ ပါဝင်ခြင်း မရှိပေ။

FIFPro သည် ၂၀၀၅ ခုနှစ်မှ စတင်ပြီး ကမ္ဘာ့အကောင်းဆုံး အမျိုးသားဘောလုံးအသင်း ၁၁ ဦးကို ရွေးချယ်ခဲ့ပြီး ယခုနှစ်တွင်မှ အမျိုးသမီးအသင်းကို ပထမဆုံး ရွေးချယ်ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ရွေးချယ်ရာတွင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ အမျိုးသမီးဘောလုံးသမားများက မဲပေးရွေးချယ်ကြခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဘောလုံးအသင်းမှာ ဂိုး-ဟုပ်ဆိုလို(အမေရိကန်)၊ နောက်တန်း-ဘူချာနန်(ကနေဒါ)၊ ရန်ဒီရီနက်ဒ်(ပြင်သစ်)၊ ဂျူလီဂျွန်စတုန်း(အမေရိကန်)၊ ကလင်ဂန်ဘာ့ဂ်(အမေရိကန်)

အလယ်တန်း-အမန်ဒီနီအွန်နရီ(ပြင်သစ်)၊ ကာလီလွိုက်ဒ်(အမေရိကန်)၊ မီယာမာ(ဂျပန်)

တိုက်စစ်-အန်ဂျာမစ်တက်(ဂျာမနီ)၊ ဆွန်မာ(ပြင်သစ်)၊ ဆီလီယာဆာဆစ်(ဂျာမနီ)တို့ ဖြစ်သည်။

အင်္ဂလန်အမျိုးသမီးအသင်းမှာ ၂၀၁၅ ကနေဒါ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယနေရာရရှိခဲ့သော်လည်း ယခုအကောင်းဆုံးအသင်းတွင် တစ်ဦးမှ ရွေးချယ်ခြင်း မခံခဲ့ရပေ။

ရည်ညွှန်း အက်စ်အိုင်ဒေ့ါကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags