နူးနက်ဇ် ထုတ်ပယ်ခံရတာ လီဗာပူးလ် ငြင်းဆိုစရာမရှိတဲ့နောက် ကြမ်းတမ်းတဲ့ အပြုအမူအတွက် ပြောဆိုလာတဲ့ ကလော့ပ်

နူးနက်ဇ် ထုတ်ပယ်ခံရတာ လီဗာပူးလ် ငြင်းဆိုစရာမရှိတဲ့နောက် ကြမ်းတမ်းတဲ့ အပြုအမူအတွက် ပြောဆိုလာတဲ့ ကလော့ပ်
Photo: EPA

ဒါဝင် နူးနက်ဇ်ဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်မှာ ကြမ်းတမ်းတဲ့ အပြုအမူအတွက် အနီကတ်ပြခံခဲ့ရလို့ လီဗာပူးလ်တိုက်စစ်မှူးဟာ ထိုက်တန်စွာ ထုတ်ပယ်ခံခဲ့ရတာဖြစ်တယ်လို့ ယာဂန် ကလော့ပ်က ဝန်ခံပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာ ဇွန်လက ဘင်ဖီကာအသင်းကနေ ပေါင် ၆၄ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် သူ့ရဲ့ပထမဆုံးပွဲဦးထွက်ကစားခဲ့ပေမယ့် တစ်နေရာပင်မပြည့်လိုက်ပဲ ပဲလေ့စ်နောက်ခံလူ ဂျိုအာကင် အန်ဒါဆင်ကို ခေါင်းနဲ့ တိုက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်မှ အနီကပ်ပြသထုတ်ပယ်ခဲ့ပါတယ်။

ကလော့ပ်ဟာ ဒီမတော်တဆဖြစ်ရပ်အတွက် ရန်စမှုတွေရှိနေတယ်လို့ ယုံကြည်ပေမယ့် ရောဘတ်တို ဖာမီနိုနဲ့ ဒီယိုဂိုဂျိုတာတို့လည်း ဒဏ်ရာပြဿနာတွေနဲ့ လွဲချော်ရချိန် နွေရာသီမှာ ကြီးကြီးမားမားခေါ်ယူမှုမရှိဘဲ လီဗာပူးလ်က သုံးပွဲကစားရတဲ့ကာလအထိ ကြုံတွေ့ရသလို ဂျာမန်သားနည်းပြလက်အောက်မှာ ကြမ်းတမ်းတဲ့ အပြုအမူကြောင့် ထုတ်ပယ်ခံရတဲ့ ပထမဆုံးကစားသမားဖြစ်လာတဲ့ နူးနက်ဇ်အနေနဲ့ စောဒကတက်စရာမရှိပါဘူးလို့ ပြောပါတယ်။

"ဒေါသတွေရှိခဲ့ပေမယ့် ဒါဟာ မှားယွင်းတဲ့ တုံ့ပြန်မှုဖြစ်တာ အသေအချာပါပဲ"လို့ ကလော့ပ်က ပြောပါတယ်။ “ဒါဟာ ရှင်းရှင်းလင်းလင်း အနီကတ်ဖြစ်ခဲ့တယ်။ ဒါကို ကျနော်တို့ ငြင်းလို့မရပါဘူး။ ကံမကောင်းစွာပဲ (သူ) အခုပွဲအနည်းငယ် ကစားခွင့်ရတော့မှာ မဟုတ်ဘူး။ ဒါဟာ ကျနော်တို့အတွက် မကောင်းပါဘူး။ အထူးသဖြင့် အခုလို ဒဏ်ရာတွေများနေတဲ့ အချိန်မှာပေါ့။

"ကျနော် [နူးနက်ဇ်] ကို မပြောရသေးပေမယ့် သေချာပါတယ် ပြောမှာပါ။ ကျနော် သူနဲ့ သုံးပွဲလောက် စကားမပြောဖြစ်ဘူးလား၊ ကျနော် ဝင်လာပြီး အခြေအနေကို ကြည့်ချင်တယ်၊ ပွဲထဲမှာ ဘာဖြစ်သွားလဲ မသိပါဘူး။ မြက်ခင်းပြင်ပါ်မှာ အန်ဒါဆင်နဲ့ ဒါဝင် ထွက်သွားတာကို တွေ့လိုက်တယ်၊ အဲဒါက ကျနော်ပုံထဲမှာပဲ။

"ကျနော့်လူတွေကိုမေးတော့ သူတို့က အနီကတ်လို့ပြောတယ်။ ကျနော်အဲဒါကိုမြင်ပြီး ဟုတ်တယ်၊ ဒါ အနီကတ်ပဲ။ ဒါက မှားယွင်းတဲ့တုံ့ပြန်မှုပဲ။ အန်ဒါဆင်က ဒါကို လိုချင်လို့ သူရသွားတယ်။ ဒါပေမယ့် [နူးနက်ဇ်] က အမှားလုပ်ခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး မပြောရသေးပေမယ့် ကျနော်တို့ ပြောပါလိမ့်မယ်။"

ဇာဟာဟာ ပထမပိုင်းအပြီးမှာ ပက်ထရစ်ဗီအဲရာအသင်းကို ဦးဆောင်းပေးခဲ့ပေမယ့် ဒီယက်က နူးနက်ဇ် အထုတ်ထုတ်ခံရပြီးနောက်မှာ ကောင်းမွန်တဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ကလော့ပ်က မာတစ်၊ ဂျိုဂိုးမက်ဇ်နဲ့ ဖာမီနိုတို့လို အဓိကကျတဲ့ ကစားသမားတွေ ဒဏ်ရာများစွာရရှိခဲ့တဲ့ကြားက တစ်ပတ်အတွင်း သူ့ရဲ့ ကစားသမားတွေ တုံ့ပြန်ပုံအတွက် ဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့ပါတယ်။ 

Ref; Liverpool Echo

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly