ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရင် ဘာဖြစ်မလဲ

ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရင် ဘာဖြစ်မလဲ

ပြည်ထောင်စုလွှတ်တော်တွင် အစုအဖွဲ့သုံးခုမှ ဒုတိယသမ္မတလောင်းများ အမည်စာရင်းတင် သွင်းရန် အစည်းအဝေးများ စတင်မည့်ရက်ကို မတ် ၁၇ ဟု သတ်မှတ်ထားပြီးဖြစ်ရာ မတ် ၁၇ ကို သွားရာ ရက်များသည် တစ်ရက်ပြီးတစ်ရက် ရင်ခုန်လှိုက်မောဖွယ်ဖြစ်သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် စင်ကာပူရောက် မြန်မာများသည် လမ်းဘေးအိပ်ပြီးလည်းကောင်း၊ မြန်မာပြည်မှ မဲဆန္ဒရှင် တချို့သည် ညလုံးပေါက် မအိပ်နိုင်ဘဲ ရင်ခုန်စွာနှင့် တစ်အိမ်လုံးထွက် မဲပေးခဲ့မှုများသည် လည်းကောင်း သူတို့ယုံကြည်သည့် လူထုခေါင်းဆောင်ကို မြန်မာနိုင်ငံအား လက်ဝကွက် အပ်နှင်းလို သောကြောင့် ဖြစ်သည်။

မဲဆန္ဒရှင် ပြည်သူများသည် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်ကြသည်။ သူသည် မြန်မာ့လွတ်လပ်ရေးဗိသုကာ၊ အမျိုးသားခေါင်းဆောင်ကြီးနှင့် တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင် ဆန်း၏ သမီးဖြစ်ပြီး၊ ဖခင်ဖြစ်သူအတိုင်း မြန်မာနိုင်ငံနှင့် မြန်မာများကို ချစ်ခင်သူဖြစ်သည်။ သူက ရွေးချယ်မှုဟု သုံးနှုန်းသော်လည်း မြန်မာပြည်နှင့် မြန်မာများအကျိုး ထမ်းဆောင်ရန် ၈၈၈၈ လူထု လှုပ်ရှားမှု ဒီမိုကရေစီအရေးတော်ပုံကာလမှ စတင်ပြီး မြန်မာ့နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင် ရွက်ခဲ့သူဖြစ်သည်။ သူနှင့် အင်န်အယ်လ်ဒီက စစ်အာဏာရှင်အောက်မှ လွတ်ထွက်ရာ ကြိုးပမ်းမှုဖြစ် သော ယင်းဒီမိုကရေစီခရီးကြမ်းကြီးကို ဒုတိယလွတ်လပ်ရေးတိုက်ပွဲဟု သုံးနှုန်းခဲ့ကြသည်။

စစ်အာဏာရှင်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီကို ရန်သူရန်ဘက်သ ဖွယ် အမြစ်ဖြုတ်ချေမှုန်းရန် နည်းလမ်းအသွယ်သွယ်နှင့် နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ် ဆောင်ရွက် ခဲ့ကြသော်လည်း ယင်းအာဏာရှင်များပင် တစ်ဦးပြီးတစ်ဦး အရာကျ၊ နိမ့်ကျ၊ အငြိမ်း စားသွားခဲ့ကြသော်လည်း သူနှင့် အင်န်အယ်လ်ဒီသည် ယနေ့တိုင် မယိုင်မလဲ ကြံ့ကြံ့ခိုင်နေခြင်းမှာ များစွာ အရေးပါသော မေးခွန်းဖြစ်သည်။ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီ သည် မယိမ်းမယိုင်သော လူုထုဆန္ဒမဲများကို အကြိမ်ကြိမ် အထပ်ထပ်ရရှိကာ တောင်ပြိုကမ်းပြို နိုင်ခဲ့ကြသည်။

လူထုသည် အင်န်အယ်လ်ဒီကို လူထုပါတီဟု ခံယူပြီး အင်န်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင်ဟု သတ်မှတ်ကြကာ အင်န်အယ်လ်ဒီအောင်ပွဲကို လူထုအောင်ပွဲအဖြစ် သတ်မှတ်ကြသည်။ အင်န်အယ်လ်ဒီက ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုနိုင်ခဲ့ပြီးချိန်၌ လူထုသည် အလုပ်များနေကြသည်။ မည်သူသည် လွှတ်တော်ကို ကြီးစိုးမည်လဲ၊ မည်သူသည် အစိုးရအဖွဲ့ကို အုပ်စီးမည်လဲ၊ မည်သူသည် မည်သည့်နေရာမှ ပါဝင်ဆောင်ရွက်မည်လဲ၊ နေရာချထားခြင်း၊ စိတ်ကူးယဉ်လွှတ်တော်နှင့် အစိုးရများကို ဖွဲ့စည်းခြင်း တို့ဖြင့် စိတ်ပင်ပန်းနေရပြီး ကျေနပ် ကြည်နူးနေကြသည်။ လူထုသည် အင်န်အယ်လ်ဒီအောင်ပွဲအပေါ် ပီတိပွားကာ ရင်ခုန်နေကြသည်။

ဒေါ်အောင်ဆန်းစုကြသည် သူ့ဖခင်အတိုင်းပင် တထပ်တည်းကျသော ခေါင်းဆောင်မျိုး ဖြစ်သည်။ လူထုတစ်ရပ်လုံးကို သူ့နောက်ကပါလာအောင် စည်းရုံးနိုင်ခဲ့သည်။ သူတို့ဆိုခဲ့သည့် ဒုတိယ လွတ်လပ်ရေးတိုက်ပွဲ၏ဗိသုကာဟုပင် သတ်မှတ်နိုင်သည်။ အမျိုးသားခေါင်းဆောင် အဆင့်သို့ လည်း တက်လှမ်းလာနေသည်ဟု ပြော၍ရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာများ ပိုင်ဆိုင်ခွင့်ရ ခြင်းသည် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက ဗိုလ်ချုပ်အောင်ဆန်းကို ပိုင်ဆိုင်ခွင့်ရခဲ့သကဲ့သို့ပင် ထပ်တူကျတန်ဖိုးရှိလှသည်။ လက်ရှိတွင် သူသည် စစ်ခေါင်းဆောင်များနှင့်လည်း တိုင်းပြည်အပြောင်း အလဲ ညင်သာသိမ်မွေ့စေရန် ဆွေးနွေးလျှက်ရှိသည်။

ပြည်သူများ မလိုလား၊ လက်မခံဘဲ စစ်အာဏာရှင်များ အလိုကျ အချိန်ယူ တစ်ဖက်သတ် ရေးဆွဲ အတည်ပြု ပြဋ္ဌာန်းထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်ဘောင်ကိုချဲ့ထွင်ပြီး တရားဝင်အောင် မတရားပြုလုပ်ထားသည့် ဥပဒေမျိုးဖြစ်ရာ ယင်းဥပဒေအရ ပြည်သူအများစု၏ဆန္ဒကို မျက်ကွယ်ပြုပြီး လက်နက်အားကိုးဖြင့် အပေါ်စီးယူသော စကား "အခြေခံဥပဒေအတိုင်း ဆောင်ရွက် သွားမည်" ဆိုသည်မှာ နားလှည့်ပါးရိုက် သဘောအသွင် ဖြစ်ပေသည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခြင်း မဖြစ်ခြင်းမှာ ပြည်သူ့ဆန္ဒကြောင့် မဟုတ်ဘဲ စစ်တပ်သဘောကြောင့် ဖြစ်နေသည်မှာ မည်သို့မျှ ဒီမိုကရေစီစံနှုန်း မဟုတ်ပါ။

ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်လည်း ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရရှိ ထားသော အင်န်အယ်လ်ဒီလွှတ်တော်မှတဆင့် ဒေါ်အောင်ဆန်းစုကြည် သဘောကျသူတစ်ဦး သမ္မတဖြစ်လာမည်မှာ မလွဲဧကန်ဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလျှင် ပြည်သူအများစုအတွက်ရော၊ သူ့ကို လက်မခံလိုသည့် ဆန့်ကျင်ဖက် အအုပ်အစု အသင်းအဖွဲ့ များအတွက်ရော၊ စစ်တပ်အတွက်ရော ဒေသတွင်းနှင့် နိုင်ငံတကာအလယ်တွင် နာမည်ဂုဏ်သ တင်းတင့်တယ် ကျော်ဇောဖွယ်ရှိသည်ဟု ဝေဖန်သုံးသပ်ချက်များရှိနေပေရာ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်သော် နစ်နာသူများမှာ ပြည်သူများထက် ပြည်သူမျက်မုန်းကျိုးသူများသာ ဖြစ်ပေလိမ့် မည်ဟု မဇ္ဈိမက ပိုင်းဆစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly