ဟိမဝန္တာဒေသကို ဖြတ်သန်း ဖောက်လုပ်မည့် ရထားလမ်း စီမံကိန်းအတွက် တရုတ်နှင့် နီပေါတို့ သဘောတူ

ဟိမဝန္တာဒေသကို ဖြတ်သန်း ဖောက်လုပ်မည့် ရထားလမ်း စီမံကိန်းအတွက် တရုတ်နှင့် နီပေါတို့ သဘောတူ

ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော ဟိမဝန္တာကို ဖြတ်၍ ကဏ္ဍပေါင်းစုံချိတ်ဆက်သည့် ကွန်ရက် အစီအစဉ်အရ  နယ်စပ်ဖြတ်ကျော် ရထားလမ်းတည်ဆောက်ရန် ဖြစ်နိုင်ချေလေ့လာရေးအတွက် ငွေကြေးထုတ်ပေးရန် တရုတ်အစိုးရက သဘောတူလိုက်ပြီး နီပေါနိုင်ငံအတွင်း တရုတ်ကူညီသည့် စီမံကိန်းများ အတွက် အမေရိကန်ဒေါ်လာ ၁၁၈ သန်း ထုတ်ပေးရန် သက်ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးဌာနများက ထုတ်ပြန်လိုက်သည်။ 

‌ရထားလမ်းအတွက် စစ်တမ်းကောက်ယူလေ့လာရန် ကျွမ်းကျင်သူများက တရုတ်က ယခုနှစ်အတွင်း နီပေါသို့ စေလွှတ်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

‌တရုတ်နိုင်ငံတော် အတိုင်ပင်ခံနှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် နီပေါနိုင်ငံခြားရေးဝန်ကြီး နာရာယန် ခက်ဒ်ကာတို့အကြား တွေ့ဆုံ ဆွေးနွေးပွဲတွင် ယခုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝင်ဝမ်ဘင်က ပြောကြားသည်။ 

နီပေါနိုင်ငံ၏ ဓာတ်အားပေး စီမံကိန်းများ၊ ဟိမဝန္တာဖြစ်ကျော် ချိတ်ဆက်သည့် စီမံကိန်းများ တည်ဆောက်ရေးတို့တွင် တရုတ်က ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဝင်ဝမ်ဘင်က ပြောကြားသည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ကတိကဝတ်များသည် ၎င်းတို့နိုင်ငံက ဒေသတွင်း လွှမ်းမိုးမှုကို ချဲ့ထွင်ရန် တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ 

တရုတ်သမ္မတ ရှီကျင့်ဖျင် နီပေါနိုင်ငံသို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် လာရောက်ခဲ့စဉ်က နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများကို ‘မဟာဗျူဟာ မိတ်ဘက်ဆောင်ရွက်မှု’ အဖြစ်သို့ အဆင့်မြှင့်တင်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ၂ ဦး၏ တွေ့ဆုံပွဲနှင့် ပတ်သက်၍ နီပေါနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် နီပေါနိုင်ငံ၏ စီမံကိန်းအမျိုးမျိုးအတွက် တရုတ်နိုင်ငံက ထောက်ပံ့ငွေ ယွမ် သန်း ၈၀၀ (ဒေါ်လာ ၁၁၈ သန်း) ပေးအပ်မည်ဟု ဝမ်ယိက ကတိပြုခဲ့ကြောင်း ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required