အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား အရေးပါသည့် မြစ်ကြောင်းဆိုင်ရာ သဘောတူစာချုပ်လက်မှတ်ရေးထိုးရန် ဆွေးနွေး

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား အရေးပါသည့် မြစ်ကြောင်းဆိုင်ရာ သဘောတူစာချုပ်လက်မှတ်ရေးထိုးရန် ဆွေးနွေး

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား အရေးပါသည့် မြစ်ကြောင်းဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ခုထက် မနည်းကို ယခုလကုန်ပိုင်းတွင် လက်မှတ်ရေးထိုးဖွယ်ရှိကြောင်း The Hindu သတင်းဌာနက ဖော်ပြထားသည်။

နှစ်နိုင်ငံအကြား ရေမျှဝေသုံးစွဲရေးသည် အကဲဆတ်သည့် အကြောင်းအရာဖြစ်သည့်အပြင် နိုင်ငံရေးနှင့်လည်း သက်ဆိုင်နေသောကြောင့် နှစ်နိုင်ငံတာဝန်ရှိသူများက သဘောတူစာချုပ်အတွက် သတိထားလုပ်ဆောင်လျက်ရှိ သည်။

လက်ရှိဆွေးနွေးလျက်ရှိသည့် အရေးပါသော သဘောတူညီချက်များအပြင် မြစ်ရေဆိုင်ရာ အချက်အလက်များနှင့် ရေကြီးရေလျှံမှု ထိန်းချုပ်သည့် ပိုမိုကောင်းမွန်သော အစီအစဉ်ကို အပြန်အလှန်မျှဝေရေးအတွက်လည်း ဩဂုတ် လ နောက်ဆုံးပတ်တွင် ပြုလုပ်မည့် မြစ်ဆိုင်ရာ ပူးပေါင်းကော်မရှင် (JRC) အစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟတ်ဆီနာသည် အိန္ဒိယသို့ စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်တွင် သွားရောက်မည်ဖြစ်သည်။

အာသံပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ စီးဆင်းသည့် ကူရှီယာရာ မြစ်နှင့်ပတ်သက်၍ သဘောတူညီချက်ရရန် အလား အလာကောင်းများ ရှိနေပြီး ယင်းကိစ္စကို JRC အစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်သည်။ ယင်းအစည်းအဝေးတွင် ဂင်္ဂါမြစ်နှင့် ပတ်သက်၍လည်း ဆွေးနွေးမည့် အစီအစဉ်ရှိကြောင်း သံတမန်ရင်းမြစ်တစ်ဦး က အရိပ်အမြွက်ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွေးကောက်ပွဲကို လာမည့်နှစ်အတွင်း ကျင်းပမည်ဖြစ်ရာ ဟာဆီ၏ ဒေလီသို့ လာရောက်မည့် ခရီးစဉ်သည် နောက်ဆုံးလည်း ဖြစ်နိုင်ဖွယ်ရှိသည်။

ဟာဆီနာသည် အိန္ဒိယသို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာအတွင်းက လာရောက်ခဲ့သလို ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီသည်လည်း ၂၀၂၁ ခုနှစ်၊ မတ်လတွင် ဒါကာမြို့တော်သို့ ၂၀၂၁ ခုနှစ်၊ မတ်လအတွင်းက သွားရောက်ခဲ့သည်။

နှစ်နိုင်ငံအကြား ဆက်စပ်နေသည့် မြစ်ပေါင်း ၅၄ ခုရှိပြီး ဘင်္ဂလားဒေ့ရှ်အနေဖြင့် ငါးဖမ်းလုပ်ငန်းနှင့် ရေကြီးရေလျှံမှု ထိန်းချုပ်ရေးမဟာဗျူဟာများကို ပိုမိုကောင်းမွန်စေရန် အိန္ဒိယထံမှ အချက်အလက်များ ပိုမိုရရှိရန် လိုလားလျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly