ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများ ရှိလာ

ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများ ရှိလာ

အိန္ဒိယအစိုးရက ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ပုဒ်မ ၃၇၀ ဖျက်သိမ်းလိုက်ခြင်းကြောင့် ဒေသခံပြည်သူမျာ အတွက် တရားမျှတမှု၊ ဒီမိုကရေစီနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ ဒေသ၏ စီးပွားရေးအတွက် ဗဟိုအစိုးရက ငွေကြေးထည့်ဝင်သုံးစွဲမှုကို စဉ်ဆက်မပြတ် လုပ်ဆောင်ခြင်းနှင့် အစီအစဉ်သစ်များကို လုပ်ဆောင်လျက်ရှိသည်။

ဗဟိုအစိုးရ၏ အကူအညီ၊ ထောက်ပံ့ကြေးနှင့် ချေးငွေများပေးအပ်သည့် ခေါင်းစဉ်အောက်တွင် ဂျမူးနှင့် ကက်ရှ်မီးယားဒေသအတွက် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ရူပီး ၃၅၅၈၁ ဒဿမ ၄၄ သန်းကို ခွဲဝေသုံးစွဲခဲ့သည်။

ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ်သစ်များနှင့်အတူ ဘဏ္ဍာနှစ် ၂၀၂၂-၂၃ အတွက် ရူပီး သိန်းပေါင်း ၁ ဒသမ ၄၂ ကုဋေကို မတ် ၂၃ ရက်တွင် ဗဟိုအစိုးရက ခွင့်ပြုပေးခဲ့သည်။

အဆိုပါ ဘဏ္ဍာနှစ်တွင် ဂျမူးနှင့် ကက်ရှ်မီးယားဒေသအတွက် ဘတ်ဂျက် ရူပီး ၁၁၂ ဒသမ၉၅၀ ကုဋေ ရည်မှန်း ထားရာတွင် ဖွံ့ဖြိုးရေးအတွက် အသုံးစရိတ် ရူပီး ၄၁၃၃၅ ကုဋေ ပါဝင်သည်။

ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ပုဒ်မ၃၇၀ ဖျက်သိမ်းပြီးနောက် အခြေခံအဆောက်အဦကဏ္ဍတွင် သိသာစွာ တိုးတက်လာခဲ့သည်။ အစိုးရက ယင်းဒေသ ပိုမိုဖွံ့ဖြိုးစေရေးအတွက် အမျိုးမျိုးသော စီမံကိန်းများနှင့် မူဝါဒများကို ကြေညာခဲ့သည်။

အဝေးပြေး လမ်းများယိုယွင်းပျက်စီးလာခြင်းကြောင့် ဒေသ၏ စိုက်ပျိုးရေးနှင့် ရာသီပေါ်သီးနှံများ သယ်ယူပို့ဆောင်မှုတွင် ကြန့်ကြာခဲ့ကာ အခက်အခဲများ ဖြစ်စေခဲ့သည်။ သို့သော် အစိုးရက အရေးကြီးသည့် အဝေးပြေးလမ်းများကို ဦးစားပေးပြုပြင်ခဲ့သောကြောင့် အခြေအနေ တိုးတက်ကောင်းမွန်ခဲ့သည်။

နိုင်ငံပိုင် အဝေးပြေးလမ်း အခြေခံအဆောက်အဦဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း (NHIDCL) သည် ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ဥမင် ၅ ခုကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၂ သန်း အကုန်အကျခံကာ တည်ဆောက်လျက်ရှိသည်။ အဆိုပါဥမင်များကို ရာသီမရွေး အသုံးပြုနိုင်မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ပြီးစီးရန်

ရည်မှန်းထားသည်။ ဆရီနဂါနှင့် ဂျမူးမြို့များတွင် ယာဉ်ကြောပိတ်ဆို့မှု သက်သာစေရန် မြို့တွင်းသွား မိုးပျံရထားလမ်း စီမံကိန်းကိုလည်း ၂၀၂၂-၂၃ ခုနှစ်တွင် စတင်လုပ်ဆောင်ရန် ရည်မှန်းထားသည်။

နိုင်ငံအဆင့် အဝေးပြေးလမ်းစီမံကိန်း ၂၅ ခုကို စတင်လုပ်ဆောင်ရန်လည်း အုတ်မြစ်ချထားသည်။

ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ဥမင်များ၊ လမ်းများနှင့် အခြား အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်ရလာပြီဖြစ်သည်။ ပုဒ်မ ၃၇၀ ဖျက်သိမ်းလိုက်သည်မှာ ၃ နှစ်ရှိလာပြီဖြစ်ပြီး ဒေသတွင်း၌လည်း အမြန်လမ်းမ များ အလျင်အမြန် တိုးတက်လာခြင်း၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့ တိုးတက်လာခြင်းနှင့် နယ်မြေခံ လူငယ်များ အားကစားလှုပ်ရှားမှုတွင် ပိုမိုပါဝင်လာကြသည်။

လမ်းမီးများ သွယ်တန်းခြင်း၊ ကျန်းမာရေး၊ပညာရေး၊ ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေးနှင့် စွမ်းရည်မြှင့်တင်ရေးကဲ့သို့ နယ်ပယ်အမျိုးမျိုးတွင် စီမံကိန်း ၅၃ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ပြည်တွင်းနှင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုမှာလည်း များပြားလာခဲ့သည်။ အာရပ်စော်ဘွားများနိုင်ငံက ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၌ အမေရိကန်ဒေါ်လာ ၃၉၁ ဒသမ ၈ သန်း ရင်းနှီးမြှုပ်နှံရန် ၂၀၂၂ ခုနှစ်၊ မတ်လတွင်း ကတိပြုထားသည်။

ပုဒ်မ ၃၇၀ ကို ပယ်ဖျက်ပြီးနောက်ပိုင်း အာရပ်စော်ဘွားများနိုင်ငံ၌ ကျင်းပခဲ့သည့် Expo 2020 Dubai တွင် အခြေခံအဆောက်အဦ၊ အိမ်ရာလုပ်ငန်း ခရီးသွားကဏ္ဍ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အလုပ်အကိုင်အခွင့်အလမ်း အစရှိသည့် လုပ်ငန်းများအတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် သဘောတူစာချုပ် ၆ ခုချုပ်ခဲ့သည်။

ဂျမူးနှင့် ကက်ရှ်မီးယား အစိုးရသည် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် နားလည်မှုစာချွန်လွှာ ၄၅၆ ခုကို ရင်းနှီးမြှုပ်နှံမှုပေါင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၇ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမည့် အဖွဲ့အစည်းများနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။

ကက်ရှ်မီးယားသည် အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံမှုအတွက် စွဲဆောင်မှုအရှိဆုံး နေရာများအနက် တစ်ခုဖြစ်လာသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly