ထိုင်ဝမ်အနီး ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှု ပြီးစီးကြောင်း တရုတ်  ကြေညာ

ထိုင်ဝမ်အနီး ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှု ပြီးစီးကြောင်း တရုတ်  ကြေညာ

ဝင်ရောက်တိုက်ခိုက်သည့် ပုံစံတူ စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်အနီးတွင် သီတင်းတစ်ပတ်ကြာ ပြုလုပ်ပြီးနောက် တရုတ်က အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။

မကြာသေးမီက ထိုင်ဝမ်တစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုအတွင်း မစ်ရှင်အမျိုးမျိုးကို အောင်မြင်ပြီးစီးအောင် လုပ်ဆောင်ခဲ့ကြောင်းနှင့် တပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်ရေးကို ထိရောက်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း တရုတ်စစ်တပ် အရှေ့ပိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားတွင် တိုက်ပွဲဝင်အဆင်သင့်ကင်းလှည့်မှုများကို ပုံမှန် ပြုလုပ်သွား မည်ဖြစ်ကြောင်း  ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်က ထိုင်ဝမ်ရေလက်ကြား၏ ရေပိုင်နက်နှင့် လေပိုင်နက်အတွင်း နိုင်ငံ တကာအသိုင်းအဝိုင်း၏ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို လွှမ်းမိုးရန် စစ်ရေးလေ့ကျင့်မှုကို တရုတ်က အသုံးချခဲ့ကြောင်း သြဂုတ် ၉ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံတကာ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဝူက ထိုင်ဝမ်အနီးတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် တ ရုတ်၏ ဆုံးဖြတ်ချက်သည် နိုင်ငံတကာဥပဒေအရ ထိုင်ဝမ်၏ အခွင့်အရေးများကို ဆိုးရွားစွာချိုးဖောက်မှုဖြစ်ပြီး ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ပြင်းထန်စွာ ခြိမ်းခြောက်နေကြောင်း ဆိုခဲ့သည်။

 "...တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ရန် ပြင်ဆင်ရေးအတွက် ယင်း၏ စစ်ရေးပြစာအုပ်တွင် စစ်ရေး လေ့ကျင့် မှုကို အသုံးပြုခဲ့သည်။ ယင်းသည် ကြီးမားသော စစ်ရေးလေ့ကျင့်မှုနှင့် ဒုံးကျည်ပစ်လွှတ်မှုများအပြင် ဆိုက်ဘာတိုက်ခိုက်မှုများ၊ သတင်းမှားများနှင့် စီးပွားရေးအရ အကျပ်ကိုင်မှုများ ပါဝင်နေပါသည်” ဟု ၎င်းက ပြောကြားခဲ့သည်။
 
အရှေ့နှင့် တောင်တရုတ်ပင်လယ်ရှိ တရုတ်၏ ကြီးမားသော စစ်ရေးလေ့ကျင့်မှုနှင့် ဝေဟင်ပိုင်နက် ကျူးကျော်မှု ပြုလုပ်ရသည့် အကြောင်းရင်းအဖြစ် ပေလိုစီ ထိုင်ဝမ်ခရီးစဉ်အပြီးတွင် တရုတ်က ဖြစ်နိုင်ခြေရှိသည့် အခြေ အနေတိုင်းအတွက် ပြင်ဆင်နေရကြောင်း တရုတ်က သြဂုတ်လ ၉ရက်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required