အမေရိကန်က သတိပေးနေသော်လည်း တရုတ်နှင့် ရုရှားကုန်သွယ်မှု တိုးလာ

အမေရိကန်က သတိပေးနေသော်လည်း တရုတ်နှင့် ရုရှားကုန်သွယ်မှု တိုးလာ

ရုရှားအနေဖြင့်  ပိတ်ဆို့အရေးယူမှုများမှ ရှောင်လွှဲနိုင်စေရန် တရုတ်က အကူအညီပေးပါက အကျိုးဆက်များ ရှိလာမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ သတိပေးခဲ့သော်လည်း တရုတ်နှင့် ရုရှား ကုန်သွယ်မှု တိုးမြင့်တက်လာသည်။

ရုရှား၏ စီးပွားရေးအခြေအနေကြောင့်သာမက အနောက်နိုင်ငံများက ဆင့်ပွားပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားသို့ ရောင်းချခြင်းနှင့်ပတ်သက်၍ တရုတ်စီးပွားရေးလုပ်ငန်းများက ဆက်လက်သတိထားနေဆဲဖြစ်သည်။ 

တရားဝင်အကောက်ခွန်အချက်အလက်များအရ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း ရုရှားမှ တရုတ်သို့ LNG တင်သွင်းမှုသည် ၂၀၂၁ခုနှစ်ကထက် ၅၀ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြနေသည်။

သို့သော် ရုရှားသို့ တရုတ်၏ တင်ပို့မှုမှာ ၁၇ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ပညာရှင်အဖွဲ့ဖြစ်သော ရုရှားနိုင်ငံ တကာရေးရာကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်နှင့် ရုရှားတို့ ဗီတိုအာဏာသုံးနိုင်ခွင့်ရှိသည့် ကုလသမဂ္ဂမှတစ်ဆင့် မဟုတ်ဘဲ အမေရိကန်၊ ဥရောပနှင့် ဂျပန်တို့က ရုရှားကို ယင်းတို့၏ ဈေးကွက်များနှင့် ကမ္ဘာ့ဘဏ်လုပ်ငန်းစနစ်မှ ဖြတ်တောက်ထားသောကြောင့် တရုတ်က ပိတ်ဆို့အရေးယူမှုကို တရားမဝင်ဟု ငြင်းဆိုထားသည်။

တရုတ်က ရုရှားနှင့် ကုန်သွယ်မှု တိုးလာပါက တန်ဖိုးကြီးသော အနောက်နိုင်ငံဈေးကွက်များသို့ ဝင်ရောက်ခွင့် ဆုံးရှုံးနိုင်သည့် တရုတ်ကုမ္ပဏီများသည် အပြစ်ပေးခံရမည့် အန္တရာယ်ရှိနေသည်။

မော်စကိုမြို့ရှိ တရုတ်သံရုံးက ရုရှားသို့ တရုတ်မှ လုပ်ငန်းသုံးလေယာဉ်ပျံသန်းမှုအကြိမ်ရေသည် တစ်ပတ်လျှင် ၂ ကြိမ်မှ တစ်ပတ်လျှင် ၈ ကြိမ်အထိ တိုးလာမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required