Alibaba အွန်လိုင်းလုပ်ငန်းစုက ၃ လအတွင်း ဝန်ထမ်း ၁၀ ၀၀၀ နီးပါးကို အလုပ်ထုတ်

Alibaba အွန်လိုင်းလုပ်ငန်းစုက ၃ လအတွင်း ဝန်ထမ်း ၁၀ ၀၀၀ နီးပါးကို အလုပ်ထုတ်

တရုတ်အွန်လိုင်းကူးသန်းရောင်ဝယ်ရေးကုမ္ပဏီကြီး Alibaba Group Holding Ltd. သည် ၃ လအတွင်း ဝန်ထမ်း ၁၀ ၀၀၀ ခန့်ကို အလုပ်ထုတ်လိုက်ကြောင်း မီဒီယာသတင်းများက ဖော်ပြကြသည်။

ဇွန်လတွင် အသားတင်ဝင်ငွေ ၅၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း Alibaba က ထုတ်ပြန်ပြီးနောက် ယင်းကဲ့သို့ ဝန်ထမ်းများထုတ်ပယ်လိုက်ခြင်းဖြစ်ပြီး ရောင်းအားနှေးကွေးခြင်းနှင့် တိုင်းပြည်စီးပွားရေး နှေးကွေးနေချိန်၌ အသုံးစရိတ်များကို ဖြတ်တောက်ရန် ကြိုးပမ်းမှုဖြစ်သည်။
 ကုမ္ပဏီသည် ဇွန်လ ၃ လပတ်တွင် ဝန်ထမ်းပေါင်း ၉ ၂၄၁ ဦးကို ဖြုတ်ခဲ့ပြီး ဝန်ထမ်းစုစုပေါင်း ၂၄၅ ၇၀၀ ဦးကို လျှော့ချခဲ့သည်ဟု သတင်းများ၌ ဖော်ပြထားသည်။

ကုမ္ပဏီသည် ယမန်နှစ် ဇွန်လ ၃ လပတ်က အသားတင်ဝင်ငွေ ၄၅ ဒသမ ၁၄ ဘီလီယံရှိခဲ့ရာမှာ ယခုနှစ်တွင် ၎င်း၏ ၅၀ ရာခိုင်နှုန်းနှင့်ညီမျှသော ယွမ် ၂၂ ဒသမ ၇၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ) ထိ ကျဆင်းသွားခဲ့သည်။

Alibaba ကို ၁၉၉၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဂျက်မားက ၂၀၁၅ ခုနှစ်တွင် ဒန်နီရယ်ကျန်းအား CEO  အဖြစ် တာဝန်လွှဲပေးပြီး ၂၀၁၉ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်သောအခါ ကုမ္ပဏီသည် အပြောင်းအလဲကြီး များ နှင့်ကြုံခဲ့ရသည်။
 ဇူလိုင်အစောပိုင်းက အလီဘာဘာသည် ပထမဆုံးအကြိမ်အဖြစ် တရုတ်ပြည်မကြီးမှ ရင်းနှီးမြှုပ်နှံသူ များစွာအတွက် ဟောင်ကောင်တွင် ပင်မစတော့အိတ်ချိန်းဖွင့်လှစ်ရန် စီစဉ်နေကြောင်း ကြေညာခဲ့သည်။

 Ant Group လုပ်ငန်းစု အကြီးအကဲ ဂျက်မားသည် တရုတ်နိုင်ငံ စည်းမျဉ်းအာဏာပိုင်များနှင့် နိုင်ငံပိုင်ဘဏ်များကို အောက်တိုဘာလက ဝေဖန်ပြီးကတည်းက လူမြင်ကွင်းတွင် မတွေ့ရတော့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly