အသင်းတွင် မားကပ် ရက်ရှ်ဖို့ဒ် ဆက်ရှိနေမည်ဟု မန်ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ် မျှော်လင့်

အသင်းတွင် မားကပ် ရက်ရှ်ဖို့ဒ် ဆက်ရှိနေမည်ဟု မန်ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ် မျှော်လင့်
Photo: EPA

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က သူသည် မားကပ် ရက်ရှ်ဖို့ဒ်ကို "ချစ်ခင်နှစ်သက်" ကြောင်း၊ အင်္ဂလန်တိုက်စစ်မှူးသည် ယခုရာသီတွင် အသင်း၌ ဆက်ရှိနေရန် မျှော်လင့်ကြောင်း ပြောကြားသည်။

ရက်ရှ်ဖို့ဒ်၏ ကိုယ်စားလှယ်များသည် ကစားသမားကို ကာလရှည်စိတ်ဝင်စားနေသည့် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနှင့် တွေ့ဆုံခဲ့သည်။

သို့သော်လည်း တန်ဟက်ဂ်က အသက် ၂၄ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးကို အိုးထရက်ဖို့ဒ်တွင် ဆက်ရှိစေလိုသည်။

"ကျနော် သူ့ကို ချစ်ခင်နှစ်သက်တယ်ဆိုတာ သူသိပါတယ်၊ သူ့ကို ဒီမှာရှိစေချင်တယ်ဆိုတာ သူသိပါတယ်"ဟု ယူနိုက်တက်နည်းပြက ပြောကြားခဲ့သည်။ "ကျနော် ဒီကိုရောက်တဲ့နေ့ကတည်းက သူနဲ့ ကျနော် တကယ်ပျော်တယ်ဆိုတာ မြင်မိမှာပါ။"

တန်ဟက်ဂ်က "သူဟာ မန်ချက်စတာယူနိုက်တက်မှာ သေချာပေါက် ကျနော်တို့ရဲ့အစီအစဉ်ထဲ ရှိနေပါတယ်" ဟု ပြောကြားခဲ့သည်။

ရက်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီက ရုန်းကန်ခဲ့ရသလို ပခုံးခွဲစိတ်ကုသမှုခံယူအပြီး ရာသီစတင်ရာမှ လွဲချော်ပြီးနောက် ၎င်း၏ အရေးပါမှု မရရှိခဲ့ပေ။

၎င်းသည် ပရီးမီးယားလိဂ် ၂၅ ပွဲတွင် ၄ ဂိုး သွင်းပြီး နိုင်ငံလက်ရွေးစင်အသင်းတွင် ၎င်း၏ နေရာ ပျောက်ဆုံးခဲ့သည်။

တိုက်စစ်မှူးသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ဘရိုက်တန်နှင့် စတင်ကစားခဲ့သော်လည်း ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ချိန် ယူနိုက်တက်ကို ပြန်လာနိုင်အောင် အပိုင်အခွင့်အရေးကို လွဲချော်ခဲ့သည်။

ရက်ရှ်ဖို့ဒ်၏ ယုံကြည်မှု ပျက်စီးသွားပြီဟူသော အယူအဆကို တန်ဟက်ဂ်က ငြင်းဆိုသည်။

"ကျနော်တို့ပြောနေတာက ပွဲတစ်ပွဲအကြောင်းပါပဲ"ဟု ဒတ်ခ်ျနည်းပြက ပြောသည်။ "ရာသီကြိုမှာ သူဂိုးသွင်းခဲ့တယ်။ သူက အချိန်မှန်နေရာမှန်မှာ ရှိနေခဲ့တယ်။ အနာဂတ်မှာ ဒါကိုသူပြီးသွားမယ်လို့ ကျနော်သိပြီး ယုံလည်းယုံကြည်တယ်။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly