ရာသီကုန်တွင် ရတနာပုံကို ကျော်ဖြတ်၍ ချန်ပီယံဖြစ်ရန် ယုံကြည်ဟု မာယန်ဆို

ရာသီကုန်တွင် ရတနာပုံကို ကျော်ဖြတ်၍ ချန်ပီယံဖြစ်ရန် ယုံကြည်ဟု မာယန်ဆို
ရန်ကုန်အသင်းနှင့် ဟော်ရဇွန်အသင်းတို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲ၌ ရန်ကုန်အသင်းနည်းပြ မာယန်အား တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဖေဖော်ဝါရီ ၁၈ ၊ ရန်ကုန် ။            ။ မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့် ၂၀၁၆ ဘောလုံးရာသီကုန်တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ရတနာပုံအသင်းကို ကျော်ဖြတ်ကာ ချန်ပီယံဖြစ်ရန် ယုံကြည်သည် ဟုနည်းပြချုပ် မာယန်က ဆိုသည်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၆ ပြီးဆုံးချိန်၌ ရန်ကုန်ယူနိုက်တက်အသင်းသည် ရမှတ် ခုနစ်မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်ခုနစ်နေရာတွင်သာရပ်တည်နေပြီး ထိပ်ဆုံးမှ ရတနာပုံအသင်းနှင့် ၁၁ မှတ်အထိ ကွာဟလျက်ရှိသည်။

“အသင်းက လက်ရှိမှာ ပုံမှန် ခြေစွမ်းကို ပြန်ရနေပါပြီ။ အသင်းကို ရောက်လာကတည်းကလည်း ချန်ပီယံဆု အတွက် ရောက်လာခဲ့တာပါ။ ရာသီကုန်မှာ ချန်ပီယံဖြစ်ဖို့ ယုံကြည်ပါတယ်။ မယုံကြည်ရင် ကျွန်တော်အနေနဲ့ ဒီနည်းပြထိုင်ခုံမှာ ထိုင်နေမှာ မဟုတ်ပါဘူး။ အဲဒီ့အတွက်လည်းအသင်းကို တစ်ပွဲချင်း ပိုကောင်းလာအောင်လို့ သေချာပြင်ဆင်သွားမှာပါ ” ဟု ရန်ကုန်အသင်းနည်းပြချုပ် မာယန်ကပြော သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်သမိုင်းတွင် လေးကြိမ်တိုင် ချန်ပီယံဆု ရရှိခဲ့သော်လည်း ယခုနှစ်ရာသီတွင် ရာသီအစအဖွင့်ပွဲစဉ်များ၌ တည်ငြိမ်မှု မရှိပဲ နိုင်ငံခြားသားနည်းပြ အပြောင်းအလဲ၊ ကစားသမားအပြောင်းအလဲများလည်း ဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly