ထိုင်ဝမ်အနီးတွင်  တရုတ်က စစ်ရေးလေ့ကျင့်မှုများ ဆက်လက်လုပ်ဆောင်နေ

ထိုင်ဝမ်အနီးတွင်  တရုတ်က စစ်ရေးလေ့ကျင့်မှုများ ဆက်လက်လုပ်ဆောင်နေ

ထိုင်ဝမ်အနီးအနားတွင် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးနှင့် ဝေဟင်မှ သင်္ဘောတိုက်ခိုက်မှုများကို အဓိကထားသည့် စစ်ရေးလေ့ကျင့်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်စစ်တပ်က ပြောကြား ခဲ့သည်။ 

တရုတ်စစ်တပ်သည် ဩဂုတ် ၄ ရက်မှ ၇ ရက်အထိ ထိုင်ဝမ်အနီးအနားရှိ ဧရိယာ ၆ ခုထက်မနည်းတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြလုပ်ခဲ့သည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်က အာရှအင်အားကြီးတရုတ်ကို ဒေါသ ထွက်စေခဲ့သဖြင့် တရုတ်က စစ်ရေးလေ့ကျင့်မှု အများအပြား ပြုလုပ်နေခြင်းဖြစ်သည်။ တရုတ်က ထိုင်ဝမ်ကို ခွဲထွက်ပြည်နယ်အဖြစ် သတ်မှတ်ထားကာ လိုအပ်ပါက အင်အားသုံး၍ သိမ်းပိုက်ရန် ရည်ရွယ်ထားသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ထိုင်ဝမ်အနီးတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ် အစင်းရေ ၁၀ဝ ကျော်နှင့် စစ်သင်္ဘော ၁၀ စင်းတို့က လက်တွေ့တိုက်ပွဲဝင်သည့်ပုံစံစစ်ရေးလေ့ကျင့်ခဲ့ကြသည်။

ထိုင်ဝမ်ရေလက်ကြားတစ်ဝိုက်တွင် တရုတ်လေယာဉ်များနှင့် သင်္ဘောအများအပြားကို တွေ့ရှိရပြီး ပင်မကျွန်းကို တိုက်ခိုက်သည့်ပုံစံလေ့ကျင့်နေကြသည်။

အချို့သော လေယာဉ်များသည် တစ်ချိန်က တရုတ်နှင့် ထိုင်ဝမ်ကို ပိုင်းခြားထားသည့် ထိုင်ဝမ်ရေလက်ကြား အလယ်တွင် ရှိသည့် တရားဝင်မဟုတ်သော်လည်း အများစုလိုက်နာသည့် နယ်စပ်မျဉ်းကိုလည်း ဖြတ်ကျော် ခဲ့သည်။

ထိုင်ဝမ်က နိုင်ငံခြားအစိုးရများနှင့် အဆက်အသွယ်ရှိခြင်းကို တရုတ်က ဆန့်ကျင်သော်လည်း ပေလိုစီ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး တရုတ်၏ တုံ့ပြန်မှုသည် သာမန်ထက်ပိုကဲနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly