ရာသီသစ်မစခင် နောက်ဆုံးလေးတင် လီဝန်ဒေါစကီးအပါအဝင် ကစားသမားသစ် လေးဦးကို မှတ်ပုံတင်လိုက်နိုင်တဲ့ ဘာစီလိုနာ

ရာသီသစ်မစခင် နောက်ဆုံးလေးတင် လီဝန်ဒေါစကီးအပါအဝင် ကစားသမားသစ် လေးဦးကို မှတ်ပုံတင်လိုက်နိုင်တဲ့ ဘာစီလိုနာ
Photos: EPA

ဘာစီလိုနာအသင်းဟာ စနေနေ့မှာ ဗယ်လီကာနိုနဲ့ ရင်ဆိုင်ရမယ့် လာလီဂါအဖွင့်ပွဲစဉ်အတွက် လူသစ်ခေါ်ယူထားတဲ့ ရော်ဘတ် လီဝန်ဒေါစကီး၊ ဖရန့်ကက်စ်စီ၊ အန်ဒရီးယားစ် ခရစ္စတန်ဆန်နဲ့ ရာဖင်ဟာတို့ကို အချိန်မီ မှတ်ပုံတင်နိုင်ဖို့ သောကြာနေ့မှာ စီမံခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြင်သစ်နောက်ခံလူ ခွန်ဒဲဟာ လာလီဂါမှာ မှတ်ပုံမတင်သွင်းရသေးပါဘူး။

ဘိုင်ယန်မြူးနစ်ကနေ အထင်ရှားဆုံးကစားသမားသစ်အဖြစ် လီဝန်ဒေါစကီး ရောက်ရှိလာခဲ့ခြင်းနဲ့အတူ ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ အသင်းအင်အားကို တောင့်တင်းစေဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၅၃ သန်းကို သုံးစွဲခဲ့ပါတယ်။

ကတ်တလန်ဘီလူးကြီးတွေဟာ အကြွေးယူရို ၁.၃၅ ဘီလီယံ (ဒေါ်လာ ၁.၃၉ ဘီလီယံ) တင်ရှိနေတာကြာင့် ဘာကာက မက်ဆီကို ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ခွင့်ပြုခဲ့ရပါတယ်။

ဘာစီလိုနာဟာ လာလီဂါရဲ့ ဘဏ္ဍာရေးထိန်းချုပ်မှုတွေကို လိုက်နာဖို့ အသုံးစရိတ်ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်နေရပြီး ခေါ်ယူမှုတွေလုပ်ဆောင်ရာမှာ ရင်းနှီးမြုပ်နှံနိုင်ဖို့အတွက် လျင်မြန်စွာ ငွေရှာဖို့နဲ့ ကစားသမားအသစ်တွေ မှတ်ပုံတင်သွင်းဖို့အတွက် အရေးတကြီး လိုအပ်နေတာပါ။

သောကြာနေ့အစောပိုင်းက ဘာစီလိုနာဟာ သူတို့ရဲ့ မီဒီယာထုတ်လုပ်ရေးဌာန "Barca Studios" ရဲ့ အခြားအစိတ်အပိုင်းကို Orpheus Media သို့ ယူရိုသန်း ၁၀၀ နဲ့ ရောင်းချခဲ့ပါတယ်။

ဘာစီလိုနာဟာ သူတို့ရဲ့ ပြည်တွင်းရုပ်သံမူပိုင်ခွင့်ရဲ့ ၂၅ ရာခိုင်နှုန်းကို လာမယ့် ၂၅ နှစ်အတွင်း US ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Sixth Street သို့ ယူရိုသန်း ၄၀၀ ခန့်နဲ့ ရောင်းချထားပြီးဖြစ်ပါတယ်။

သူတို့ဟာ ကလပ်ရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ရုပ်သံထုတ်လုပ်မှုတွေကို စီမံခန့်ခွဲတဲ့ Barca Studios ရဲ့ ၂၄.၅ ရာခိုင်နှုန်းကို Socios.com သို့ သြဂုတ် ၁ ရက်က ယူရိုသန်း ၁၀၀ နဲ့ ရောင်းချခဲ့ပြီး ၂၅ ရာခိုင်နှုန်းကို US ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ GDA Luma ထံ ယူရိုသန်း 100 နဲ့ ထပ်မံရောင်းချခဲ့ပါတယ်။

ရက်သတ္တပတ်အနည်းငယ်အတွင်းမှာတော့ ဘဏ်တွေကို ဖြည့်သွင်းဖို့ ယူရို သန်း ၆၀၀ ပေးခဲ့ရပါတယ်။

မာကာရဲ့အဆိုအရ ပြင်သစ်လက်ရွေးစင် ခွန်ဒဲဟာ သူ့ရဲ့လုပ်ခလစာကို လျှော့ယူမှသာ အသင်းမှာ မှတ်ပုံတင်နိုင်မှာဖြစ်ပါတယ်။

“ဒါကြောင့် လာမယ့်ရက်အနည်းငယ်အတွင်းမှာ အသင်းအတွက် ကစားသမားတွေ ထွက်ခွာရလိမ့်မယ်” လို့ အဆိုပါနေ့စဉ်ထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်။

ခွန်ဒဲဟာ ဇူလိုင်လကုန်က ငါးနှစ်စာချုပ်နဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

စပိန်သတင်းစာတွေ ဖော်ပြချက်အရ ဘာစီလိုနာဟာ ဆီဗီလာ နောက်ခံလူကို ခေါ်ယူရန်အတွက် ဘောနပ်စ်ကြေး ၁၀ သန်းနဲ့အတူ ယူရို သန်း ၅၀ ပေးချေခဲ့တယ်လို့ သိရပါတယ်။

© Agence France-Presse

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required