UNHCR သို့ ခိုလှုံခွင့်တောင်းခံထားသည့် တရုတ်နိုင်ငံသား ၆ သိန်းကျော်ရှိ

UNHCR သို့ ခိုလှုံခွင့်တောင်းခံထားသည့် တရုတ်နိုင်ငံသား ၆ သိန်းကျော်ရှိ

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိနှိပ်ချုပ်ချယ်မှု မူဝါဒများက အစုလိုက်အပြုံလိုက် ထွက်ခွာမှုကို ဖြစ်ပေါ်စေပြီး တရုတ်မှ ခိုလှုံခွင့်တောင်းခံထားသူ ၆ဝဝဝဝဝ ကျော်ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးက ပြောကြားလိုက်သည်။

လူ့အခွင့်အရေး သို့မဟုတ် ဒီမိုကရေစီအကြောင်း ပြောဆိုသူတိုင်းသည် အာဏာပိုင်များ၏ ပစ်မှတ်ထားခံရပြီး အစိုးရ၏ ဖိနှိပ်မှုကို ခံနေရသည်။

နိုင်ငံခြားသတင်းထောက်များသည် ဗီဇာနှင့်ပတ်သက်သည့် ပြဿနာများနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့အား ဖမ်းဆီးခြင်းနှင့် နှင်ထုတ်ခြင်း ခံရသည့် သာဓကများလည်း ရှိကြောင်း HK Post သတင်းတွင် ဖော်ပြထားသည်။

၂၀၂၀ပြည့်နှစ်တစ်နှစ်တည်းတွင် ဒေသခံ ၉၃၀ဝ၀ ကျော်သည် ဟောင်ကောင်မှထွက်ခွာခဲ့ပြီး ၂၀၂၁ခုနှစ်တွင် ၂၃၀ဝ၀ ရှိခဲ့သည်။

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် တင်းကျပ်သော အစိုးရမူဝါဒများနှင့် ပြင်းထန်သော ပိတ်ဆို့ကန့်သတ်မှုများကြောင့် တရုတ်နိုင်ငံသားများသာမက နိုင်ငံခြားသားများလည်း တရုတ်နိုင်ငံမှ ထွက်ခွာခဲ့ကြသည်။

တားမြစ်ချက်စံနှုန်းများတွင် ကလေးများ ဗီဒီယိုဂိမ်းကစားရန် ခွင့်ပြုသည့် နာရီအရေအတွက်ကို ကန့်သတ်ခြင်း၊ နာမည်ကြီး ပရိသတ်များ၏ ယဉ်ကျေးမှုကို ဖြိုခွဲခြင်းနှင့် နည်းပညာကုမ္ပဏီကြီးများ အသုံးပြုသည့် ဉာဏ်ရည် တုအဆင့်ဆင့်တွက်နည်းများကို ကန့်သတ်ခြင်းများ ပါဝင်သည်။

လွန်ခဲ့သည့် ၁၅နှစ်အတွင်း ယင်းတို့၏ ကြီးထွားမှုနှင့် သြဇာလွှမ်းမိုးမှုမှာ သိသိသာသာကြီးမားလာမှုအပေါ် ထိန်းချုပ်ရန် ယင်းစည်းမျဉ်းများကို ချမှတ်ခြင်းဖြစ်ကြောင်း Hong Kong Post က ဖော်ပြ ခဲ့သည်။
 
တရုတ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်သော မူဝါဒများသည်  အစုလိုက်အပြုံလိုက်နိုင်ငံမှ ထွက်ခွာမှုကို ဖြစ်စေခဲ့သည်။ ဖိနှိပ်ခံရသူများတွင် ဘီလျံနာများ အပါအဝင် မည်သည့်နိုင်ငံသားမှ မလွတ်ကင်းခဲ့ပေ။

Alibaba၊ Tencent နှင့် Didi ကဲ့သို့သော နည်းပညာကုမ္ပဏီကြီးများသည် 'စည်းမျဉ်းစည်းကမ်း' စံနှုန်းများ နှင့် သက်ဆိုင်သည့် ပြဿနာအမျိုးမျိုးအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်တိုက်ရင်ဆိုင်နေခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required