ဘင်္ဂလားဒေ့ရှ့်နှင့် တရုတ် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် နားလည်မှုစာချွန်လွှာ ၄ ခု လက်မှတ်ရေးထိုး

ဘင်္ဂလားဒေ့ရှ့်နှင့် တရုတ် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် နားလည်မှုစာချွန်လွှာ ၄ ခု လက်မှတ်ရေးထိုး

ဘင်္ဂလားဒေ့ရှ့်နှင့် တရုတ်တို့သည် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် နားလည်မှုစာချွန်လွှာ ၄ ခုကို သြဂုတ် ၇ရက်တွင် လက်မှတ်ရေးထိုးလိုက်သည်။

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ မိုမန်တို့ ၁ နာရီကြာ တွေ့ဆုံပြီးနောက် ပူးပေါင်းဆောင်ရွက်ရေးစာရွက်စာတမ်းများကို လက်မှတ် ရေးထိုးခဲ့ ကြောင်း Dhaka Tribune သတင်းဌာနက ဖော်ပြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် သြဂုတ်လ ၆ရက်က ဒါကာသို့ ရောက်ရှိခဲ့ရာတွင် စိုက်ပျိုးရေးဝန်ကြီး မိုဟာ မက်အက်ဒါက ကြိုဆိုခဲ့သည်။

နှစ်နိုင်ငံ ဆက်ဆံရေး၊ နိုင်ငံတကာနှင့် ဒေသတွင်းအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွားချန်ရင်းက သြဂုတ် ၅ရက်က ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေးကို အလွန်တန်ဖိုးထားကြောင်းလည်း သူမက ပြောကြားခဲ့သည်။ 

"ဒီခရီးစဉ်က နှစ်နိုင်ငံခေါင်းဆောင်တွေကြား ဘုံနားလည်မှုတွေ၊ အပြန်အလှန်အကျိုးရှိတဲ့ ပူးပေါင်း ဆောင် ရွက်မှုတွေဖြစ်ပေါ်စေပြီး နက်ရှိုင်းတဲ့ ဆက်ဆံရေးကို အဆင့်သစ်တစ်ခုအထိ မြှင့်တင်ဖို့ အခွင့်အလမ်းတစ်ခု ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိလာပြီး ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေးကို အလွန်တန်ဖိုးထားကြောင်း သူမက ပြောကြားခဲ့သည်။

ထိုင်ဝမ်သို့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီလာရောက်ပြီးနောက် ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများ မြင့်တက်လာချိန်တွင် ဝမ်ယိက ဘင်္ဂလားဒေ့ရှိသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required