၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘလွန်းဒီအော်ဆု ဆန်ခါတင်စာရင်းတွင် မက်ဆီ လွဲချော်၊ ရော်နယ်လ်ဒို ပါဝင်

၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘလွန်းဒီအော်ဆု ဆန်ခါတင်စာရင်းတွင် မက်ဆီ လွဲချော်၊ ရော်နယ်လ်ဒို ပါဝင်

France Football မဂ္ဂဇင်းသည် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ တစ်လအလို အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဥရောပအကောင်းဆုံးကစားသမားကို အဆုံးအဖြတ်ပေးမည့် ဘလွန်းဒီအော်ဆု (Ballon d'Or) စာရင်းကို သြဂုတ် ၁၂ ရက် သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ထိပ်တန်းကြယ်ပွင့်များပါဝင်သည့် ဆန်ခါတင် (၃၀)ဦး စာရင်းတွင် လီယွန်နယ် မက်ဆီသည် ပီအက်စ်ဂျီနှင့် ပထမဆုံးရာသီတွင် ရုန်းကန်ခဲ့ရပြီးနောက် ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဂျင်တီးနားကစားသမား မပါရှိခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဝင်ငွေလစာအများဆုံးဘောလုံးသမား မက်ဆီသည် ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ဘာစီလိုနာမှ ထွက်ခွာရန် ဖြစ်လာခဲ့အပြီး သူသည် ၂၀၂၀-၂၁ ရာသီတွင် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ခဲ့သည်။ သို့သော်လည်း ဆုကို စံချိန်တင် (၇) ကြိမ်အထိ ရရှိထားသည့် မက်ဆီသည် ပြင်သစ်ကလပ်နှင့် ၎င်း၏ အဆိုးရွားဆုံးရာသီကို ဖြတ်သန်းခဲ့သည်။

တစ်ဖက်တွင်မူ မက်ဆီ၏ အနီးကပ်ပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်ရာသီက မန်ချက်စတာယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ဂိုးအများဆုံး သွင်းယူနိုင်ခဲ့ကာ ထိပ်တန်း (၃၀)ဦး စာရင်းတွင် ရှိနေခဲ့သည်။

လီယွန်နယ်မက်ဆီ-ခရစ်စတီယာနိုရော်နယ်လ်ဒိုခေတ် ကုန်ဆုံးလာဖွယ်ရှိလာမူနှင့်အတူ ဘန်ဇီမာ၊ ကော်တွိုက်စ်တို့သည် လာလီဂါ၊ ချန်ပီယံလိဂ်နှင့် ယူအီးအက်ဖ်အေတို့ကို ဆွတ်ခူးနိုင်သည့်အတွက် ဘလွန်းဒီအော်ကို ဆွတ်ခူးရန် ရေပန်းအစားဆုံးဖြစ်သည်။

အကယ်၍ ခရစ္စတီယာနို ရော်နယ်လ်ဒိုသည် ယခုရာသီ ဘလွန်းဒီအော်ဆုကို မဆွတ်ခူးနိုင်ခဲ့ပါက ၎င်းကိုယ်တိုင်ပင် ၂၀၀၈ ခုနှစ်နောက်ပိုင်း ဒုတိယအကြိမ် ဖြစ်လာမည်ဖြစ်သည်။

၂၀၂၂ Ballon d'Or ဆန်ခါတင် (၃၀) ဦးစာရင်း 

Thibaut Courtois, Rafael Leao, Christopher Nkunku, Mohamed Salah, Joshua Kimmich, Trent Alexander-Arnold, Vinicius Junior, Bernardo Silva, Luis Diaz, Robert Lewandowski, Riyad Mahrez, Casemiro, Heung-Min Son, Fabinho, Karim Benzema, Mike Maignan, Harry Kane, Darwin Nunez, Phil Foden, Sadio Mane, Sebastien Haller, Luka Modric, Antonio Rudiger, Cristiano Ronaldo, Kevin De Bruyne, Dusan Vlahovic, Virgil van Dijk, Joao Cancelo, Kylian Mbappe and Erling Haaland.

Ref; India Today

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly