ကာတာအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်ရက်စောပြီး ကျင်းပဖို့ ဖီဖာ အတည်ပြု

ကာတာအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်ရက်စောပြီး ကျင်းပဖို့ ဖီဖာ အတည်ပြု

ကာတာနိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်ကို ရှားရှားပါးပါး အပြောင်းအလဲအဖြစ် မူလစီစဉ်ထားတဲ့ရက်ထက် တစ်ရက်စောပြီး နိုဝင်ဘာ ၂၀ ရက်မှာ စတင်ကျင်းပဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ကြာသာပတေးနေ့က အတည်ပြုခဲ့ပါတယ်။

ဘောလုံးအဖွဲ့ချုပ်ရဲ့ ထိပ်တန်းတာဝန်ရှိသူတွေဟာ အဆိုပါ ဆုံးဖြတ်ချက်ကို အလုံးစုံ အတည်ပြုခဲ့တယ်လို့ ဖီဖာက ထုတ်ပြန်ချက်မှာ ပြောထားပြီး ကာတာဟာ အပြောင်းအလဲကြောင့် ထိခိုက်ရမယ့် ပရိသတ်တွေကို အတိအကျ မဖော်ပြထားတဲ့ အကူအညီကို ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

မူလအစီအစဉ်အရ ကာတာနဲ့ အီကွေဒေါအသင်းတို့ဟာ နိုဝင်ဘာ ၂၁ ရက်မှာ တရားဝင် အဖွင့်ပွဲအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် ဆီနီဂေါနဲ့ နယ်သာလန်တို့ဟာ ပထမဆုံးပွဲဖြစ်ပါတယ်။ အင်္ဂလန်နဲ့ အီရန်ပွဲက ဒုတိယမြောက်ပွဲပါ။

ကြီးကျယ်ထည်ဝါတဲ့ အဖွင့်အခမ်းအနားပြပွဲအတွက်ာ ရင်းနှီးမြုပ်နှံထားတဲ့ကြောင့် ကာတာမှာလည်း အတားအဆီးဖြစ်ခဲ့ရပါတယ်။

“အိမ်ရှင်နိုင်ငံဖြစ်တဲ့ ကာတာဟာ ပြိုင်ပွဲသီးသန့်တစ်စိတ်တစ်ပိုင်းအနေနဲ့ နိုဝင်ဘာ ၂၀ ရက် တနင်္ဂနွေနေ့မှာ အီကွေဒေါနဲ့ ကစားရမှာပါ”လို့ ဖီဖာက ပြောပါတယ်။

"ဒီနေ့ကနေ့ ဖီဖာကောင်စီဗျူရိုက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပြီးနောက် ဒီနှစ်ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်နဲ့ အခမ်းအနားကို အယ်လ်ဘေ့တ်ကွင်းမှာ တစ်ရက်စောပြီး ကျင်းပသွားမှာပါ။"

ဖီဖာကောင်စီဗျူရိုကို ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ တိုက်အလိုက်ဘောလုံးအဖွဲ့ချုပ်တွေရဲ့ ဥက္ကဋ္ဌ ခြောက်ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly