တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ရန်မဟုတ်ဘဲ အမျိုးသားရေးအစွန်းရောက်များကို ချွေးသိပ်သည့်ဗျူဟာ အဖြစ် စစ်ရေးလေ့ကျင့်ခြင်းဖြစ်

တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ရန်မဟုတ်ဘဲ အမျိုးသားရေးအစွန်းရောက်များကို ချွေးသိပ်သည့်ဗျူဟာ အဖြစ် စစ်ရေးလေ့ကျင့်ခြင်းဖြစ်

တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် ကွန်ဂရက် နီးကပ်လာချိန်တွင် သမ္မတရှီကျင့်ဖျင်က တတိယ သက်တမ်းရရှိရန် ကြိုးစားနေပြီး အရှေ့နှင့် တောင်တရုတ်ပင်လယ်၌ တရုတ်ရေတပ်လေ့ကျင့်မှုများနှင့် ဝေဟင်ပိုင်နက်ချိုးဖောက်မှုများသည် အမျိုးသားရေးအစွန်းရောက်များကို နှစ်သိမ့်ခြင်းဖြင့် ပြည်တွင်း စိန်ခေါ်မှုများကို ရင်ဆိုင်ခြင်းဖြစ်ပြီး လက်တွေ့တွင် တရုတ်သည် ထိုင်ဝမ်ကို တိုက်ခိုက်လိမ့်မည်မဟုတ်ကြောင်း Global Strat View က ဖော်ပြသည်။

တရုတ်အနေဖြင့် ထိုင်ဝမ်ကို ကျူးကျော်ပါက ထိုင်ဝမ်ရှိ စစ်အင်အား ၄၅၀ ၀၀၀ ကို တိုက်ခိုက်ရန် ၎င်း၏စစ်သား ၁ ဒသမ ၂ သန်းကို သင်္ဘောများဖြင့် ထိုင်ဝမ်တွင် အသင့်ပြင်စုရုံးရန်လိုအပ်ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောသည်။ ထိုလုပ်ဆောင်မှုသည် တရုတ်ရေတပ်အပေါ် ဖိအားများစွာ သက်ရောက်လိမ့်မည်ဖြစ်ပြီး စစ်ဘက် ဆိုင်ရာ ဆုတ်ယုတ်မှုကို ပိုမိုဆိုးရွားလာစေနိုင်သည်။

တရုတ်သည် နိုင်ငံရေးနှင့် စီးပွားရေးအရ စစ်ပွဲဆင်နွှဲရန် အခက်တွေ့ပေလိမ့်မည်။ တရုတ်သမ္မတရှီကျင့်ဖျင်သည် ကိုဗစ်-၁၉ ကပ်ရောဂါကို ကိုင်တွယ်ပုံညံ့ဖျင်းခြင်း၊ ငွေမသွင်းရေးသပိတ်မှောက်မှုနှင့် အသက်မွေးဝမ်းကျောင်း ဆုံးရှုံးများကြောင့် ပြည်တွင်းတွင် ဝေဖန်မှုများစွာခံနေရသည်။ ပြည်သူများသည် မြေပြင်၌လည်း ဆန္ဒပြ နေကြသလို ပူပင်သောကများ ကြီးထွားလာသည်နှင့်အမျှ ၎င်းတို့အမျက်ဒေါသများကို လူမှုမီဒီယာပေါ်၌ ရင်ဖွင့်လာကြသည်။


ထို့ကြောင့် ရှီသည် ပြည်တွင်းမှ အမျိုးသားရေးအစွန်းရောက်များကို နှစ်သိမ့်ရန် စစ်ရေးလေ့ကျင့်မှုများဖြင့် စစ်ရေးခြိမ်းခြောက်မှုများကို ဆက်လက်အသုံးပြုနေပုံပေါ်သည်။ ရှီသည် တင်းမာမှုများကို အရှိန်မြှင့်ရန် နန်စီပလိုစီ၏ ခရီးစဉ်ကို အသုံးချနေသော်လည်း ထိုင်ဝမ်ကို တိုက်ခိုက်မည်မဟုတ်ပေ။

တရုတ်သမ္မတသည် တရုတ်ပြည်သူများရှေ့တွင် ၎င်းကိုယ်၎င်း အဟန့်ကောင်းပြီး ကြံ့ခိုင် ရဲရင့်သော ခေါင်းဆောင်တစ်ဦးအဖြစ် ပုံဖော်လိုသည်။

ထိုရည်မှန်းချက်များပြည့်မြောက်ရေးအတွက် တရုတ်သည် ထိုင်ဝမ်ကို ခြိမ်းခြောက်ရန် စစ်အင်အားကို အသုံးပြုကာ ဝန်းရံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required