စီးပွားရေးနှေးကွေးမှုနှင့် ဘဏ်များ၏ ကတိပျက်ကွက်မှုများကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများသည် တောမီးကဲ့သို့ ပျံ့နှံ့လာကာ သမ္မတရှီကျင့်ဖျင်၏ အုပ်ချုပ်မှုကို စိန်ခေါ်မှုဖြစ်ပေါ်လျက်ရှိသည်။
ကိုဗစ်-၁၉ ကပ်ရောဂါသည် သာမန်တရုတ်လူမျိုးများ၏ တစ်ကိုယ်ရေငွေကြေးကဏ္ဍအပေါ် ကြီးမားသော ဖိစီးမှုဖြစ်စေသလို တစ်ချိန်က ဘဏ်များတွင် အပ်ထားသော ငွေများကို ထုတ်ယူရန် ကြိုးစားခြင်းမှာ ရာဇဝတ်မှုမဟုတ်ပေ။ သို့သော် တရုတ်သည် ဘဏ်ကိုကယ်တင်လိုသည့် သဘောဖြင့် ပြည်သူများ ငွေထုတ်ယူမှုကို ငြင်းဆန်လျက်ရှိကြောင်း HK Post ကဖော်ပြသည်။
ဆန္ဒပြပွဲများသည် တရုတ်နိုင်ငံကို ဒေါ်လာဘီလီယံနှင့်ချီ၍ ဆုံးရှုံးစေနိုင်သည်။ ချွတ်ခြုံကျနေသော အိမ်ရာကုမ္ပဏီ များသည် ပိုမိုဆိုးရွားသောဒုက္ခကို ရင်ဆိုင်ရနိုင်သည်။
ပြည်နယ်ပေါင်း ၃၁ ခုအနက် ၂၄ ခုရှိ မြို့ကြီး ၃၉ မြို့မှ အိမ်ရာဝယ်သူများသည် အိမ်ရာချေးငွေအတွက် လစဉ် အရစ်ကျပေးချေမှုကို ရပ်ဆိုင်းလိုက်ကြသည်။ သတ်မှတ်ချိန်၌ တိုက်ခန်းပေါင်း ၁၃ သန်းကို ပေးအပ်ရန် ပျက်ကွက်သော ကုမ္ပဏီများကို ဘဏ်များက ငွေများပေးအပ်ခဲ့သည်။
ပေကျင်းမှ Tsinghua တက္ကသိုလ်ပါမောက္ခ ကျန်းယူဟွမ်က ကုမ္ပဏီပေါင်း ၄၆၀ ၀၀၀ ခန့်သည့် ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် ပိတ်သိမ်းခဲ့ကြသည်ဟုဆိုသည်။ အကြမ်းအားဖြင့် စက်မှုနှင့် စီးပွားရေးလုပ်ငန်းငယ်ပေါင်း ၃ ဒသမ ၁ သန်းခန့်သည် ဖျက်သိမ်းလိုက်ပြီး စာရင်းရှင်းဖျက်သိမ်းမှုမှာ တစ်နှစ်ထက်တစ်နှစ် ၂၃ ရာခိုင်နှုန်းတိုးလာကာ အလုပ်အကိုင်ရရှိရေးဖိအားများနှင့် လူမှုအသိုင်းအဝိုင်းထဲသို့ဝင်လာသည့် ဘွဲ့ရများမှာ ၁၀ ဒသမ ၇၆ သန်းရှိပြီး လူငယ် သန်း ၈၀ ခန့်မှာ အလုပ်လက်မဲ့များဖြစ်လာကြသည်။
တရုတ်နိုင်ငံသည် အကျပ်အတည်းဆိုက်နေသည်မှာ သိသာလှပေသည်။ နိုင်ငံအတွင် စီးပွားရေးကျဆင်းမှုကြောင့် တရုတ်ပြည်တစ်လွှားရှိ ပြည်သူများသည် ဖမ်းဆီးထိန်းသိမ်းမှုနှင့် နှိပ်စက်ခံရမှုခြိမ်းခြောက်ခံရနိုင်သည့် အခြေအနေများကို မသိကျိုးကျွံပြုကာ ဆန္ဒပြလျက်ရှိသည်။