နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကြောင့် တရုတ်က ထိုင်ဝမ်နှင့် ကုန်သွယ်မှုကို ရပ်တန့်

နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကြောင့် တရုတ်က ထိုင်ဝမ်နှင့် ကုန်သွယ်မှုကို ရပ်တန့်

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကြောင့် တရုတ်က ထိုင်ဝမ်နှင့် ကုန်သွယ်မှုကို ရပ်တန့်လိုက်ပြီး ထိုင်ဝမ်မှ အချဉ်သီးများနှင့် ငါးထွက်ကုန်များ တင်သွင်းမှုကို ဆိုင်းငံ့လိုက်သည်။

"တရုတ်က ထိုင်ဝမ်မှ အချဉ်သီး၊ ရေခဲရိုက်ထားသည့် ငါးတံခွန်နှင့် အေးခဲထားသည့် ငါးကွမ်းရှပ်များကို သြဂုတ်လ ၃ရက်ကစပြီး ဆိုင်းငံ့ထားလိုက်ကြောင်း အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ပြောကြား ခဲ့သည်" ဟု ကရာချိမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ် လီဘီကျန်းက တွစ်တာတွင် ရေးသားခဲ့သည်။

ထိုင်ဝမ်မှ ငါးထွက်ကုန် အမျိုးအစားနှစ်မျိုးကို သြဂုတ် ၃ရက်မှ စတင်၍ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း တရုတ် အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်ဝမ်ဒေသမှ စပျစ်သီး၊ သံပုရာသီးနှင့် လိမ္မော်သီးများအပါအဝင် ရေခဲရိုက်ထားသည့် ငါးတံခွန်နှင့် အေးခဲ ထားသည့် ငါးကွမ်းရှပ်များဝင်ရောက်မှုကို တရုတ်၏ သက်ဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ဆိုင်းငံ့ထားကြောင်း GAC မှ သြဂုတ် ၃ရက် အွန်လိုင်းထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

၂၀၂၁ခုနှစ်ကတည်းက တရုတ်အာဏာပိုင်များက ထိုင်ဝမ်မှ ကုန်ပစ္စည်းများကို ရပ်ဆိုင်းခဲ့ကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။ ထိုင်ဝမ်မှ တင်သွင်းသော အသီးများတွင် အဖြူရောင်ဂျပိုး(ပလန်နိုကိုကပ်)၊ ဖီးသီယွန်နှင့် ဒိုင်းမီသွန်း အကြွင်း အကျန်များကို အလွန်အကျွံ တွေ့ရှိရသည်ဟု တရုတ်က ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။ 

၂၀၂၂ခုနှစ် ဇွန်လတွင် ထိုင်ဝမ်မှ ရေခဲရိုက်ထားသည့် ငါးတံခွန်နှင့် အေးခဲ ထားသည့် ငါးကွမ်းရှပ် အထုပ်များ တွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးများ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ အန္တရာယ်များကို တားဆီးရန် ဆုံးဖြတ်ချက်များ ပြုလုပ်ခဲ့ကြောင်း GAC မှ ဖော်ပြခဲ့သည်။

နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်သည် တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ခုပါ ပြဋ္ဌာန်းချက်များကို ပြင်းထန်စွာ ချိုးဖောက်ကြောင်း တရုတ်က အခိုင်အမာ ပြောကြားခဲ့သည်။

ခရီးစဉ်သည် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆိုးရွားစွာ ထိခိုက်စေပြီး ထိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်ရေးအင်အားစုများထံ ဆိုးရွားစွာ မှားယွင်းသော အချက်ပြမှုတစ်ခု ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်က ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required