စီးပွားရေးစင်္ကြံအစီအစဉ်တွင် တရုတ်သည် စီးပွားရေးအကျပ်အတည်းဖြစ်နေသည့် ပါကစ္စတန်နှင့်   သဘောထားကွဲလွဲနေ

စီးပွားရေးစင်္ကြံအစီအစဉ်တွင် တရုတ်သည် စီးပွားရေးအကျပ်အတည်းဖြစ်နေသည့် ပါကစ္စတန်နှင့်   သဘောထားကွဲလွဲနေ

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC) ကို တရုတ်က စတင်အကောင်အထည်ဖော်ပြီးနောက် ၁၀ စုနှစ် တစ်ခုနီးပါးအကြာတွင် တရုတ်၏ ရင်းနှီးမြုပ်နှီမှုများနည်းလာကာ ပါကစ္စတန်သည် စီးပွားရေး အကျပ် အတည်းသို့ ဦးတည်နေသောကြောင့် အရေးကြီးသော စီမံကိန်းများကို အကောင်အထည်ဖော်ရန် အခက်အခဲ ဖြစ်ပေါ်နေသည်။

ကြန့်ကြာနေပြီဖြစ်သော CPEC စီမံကိန်းအများစုသည် ယခုစာရွက်ပေါ်တွင်သာ ရှိနေသလိုဖြစ်သည်။ ဆန္ဒပြ မှုများ၊ အကျင့်ပျက်ခြစားမှုနှင့် နှောင့်နှေးမှုများသည် CPEC အား မပြေလည်မှုများကို ပိုမိုဖြစ်ပေါ်စေသည်။

 ယင်းကြောင့် ပါကစ္စတန်ကို ကြွယ်ဝချမ်းသာလာစေရန်နှင့် အရှေ့အလယ်ပိုင်းသို့ တရုတ်က တိုက်ရိုက်ဝင်ရောက် ခွင့်ရရေးဟူသော  CPEC ၏ ရည်မှန်းချက်များ မအောင်မြင်ခဲ့ကြောင်း HK Post က ဖော်ပြခဲ့သည်။

 တရုတ်က CPEC သို့ ရန်ပုံငွေထောက်ပံ့မှုကို ၂၀၂၂ခုနှစ်တွင် ထက်ဝက်ကျော်ဖြတ်တောက်ခဲ့သည်။

 အဓိကအားဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ လည်ပတ်ရန်နှင့် ထိန်းသိမ်းရန် လိုအပ်သော ရန်ပုံငွေများရရှိရန် ပါကစ္စတန်အစိုးရတွင် အခက်အခဲဖြစ်နေသည့်အတွက် ဒုက္ခများနေသည်။

တရုတ်စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၂ခုနှစ် ဒုတိယသုံးလပတ်တွင် ဝ ဒသမ ၄ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး စီးပွားရေးကျဆင်းပြီးငွေကြေးဖောင်းပွဲမှုကို ဖြစ်ပေါ်စေခဲ့သည်။

တရုတ်စီးပွားရေးသည် အလွန်ဆိုးရွားနေပြီး ၂၀၂၂ခုနှစ်တွင် လျာထားချက် ၅ ဒသမ ၅ ရာခိုင်နှုန်းကို အရောက် လှမ်းနိုင်မည်မဟုတ်ကြောင်း Peterson Institute for International Economics မှ သုတေသီ ထန်းလဲဟွမ်က ပြောကြားခဲ့သည်ဟု HK Post သတင်းတွင် ဖော်ပြထားသည်။

ပါကစ္စတန်သည် ချေးငွေ အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံဖြင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း(BRI)အတွက် ထောက်ပံ့မှုအများဆုံး လက်ခံရရှိသူဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက် ဖူဒန်တက္ကသိုလ်မှ အစိမ်းရောင် စီးပွား ရေးနှင့် ဖွံ့ဖြိုးမှုစတင်တာက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required