အလက်ဆစ် ဆန်းချက်ဇ် အင်တာမီလန်မှ ထွက်ခွာပြီးနောက် မာဆေးလ်သို့ ပြောင်းရွှေ့

အလက်ဆစ် ဆန်းချက်ဇ် အင်တာမီလန်မှ ထွက်ခွာပြီးနောက် မာဆေးလ်သို့ ပြောင်းရွှေ့
Photo: AFP

အလက်ဆစ် ဆန်းချက်ဇ် အင်တာမီလန်အသင်းမှ ထွက်ခွာသွားပြီးနောက် အာဆင်နယ်နှင့် ဘာစီလိုနာကြယ်ပွင့်ဟောင်းကို မာဆေးလ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလိုက်ကြောင်း ပြင်သစ်ကလပ်က ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။

ချီလီအသင်းအတွက် ၁၄၃ ပွဲကစားပေးထားသည့် အဆိုပါတိုက်စစ်မှူးသည် ဆေးစစ်ချက်ခံယူပြီးနောက် Velodrome တွင် စာချုပ်ချုပ်ဆိုခဲ့ကြောင်း မာဆယ်းလ်မှပြောကြားခဲ့သည်။ ၎င်းသည် တစ်နှစ်စာချုပ်ဖြင့် သဘောတူညီခဲ့ကြောင်း ကလပ်အသင်းတာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

"ကွင်းထဲမှာ ပရိသတ်တွေအတွက် ပေးစွမ်းနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်"ဟု အသက် ၃၃ နှစ်အရွယ် ဆန်းချက်ဇ်က ဂျာနယ်လစ်များအား ပြောကြားခဲ့ပြီး ၎င်းသည် အထူးသဖြင့် ချန်ပီယံလိဂ်ကို ရည်ညွှန်းပြီး ကလပ်အသင်းနှင့် တစ်စုံတစ်ခု အောင်မြင်ရန် "ကိုယ်ပိုင်ရည်မှန်းချက်တစ်ခု" နှင့် "စိန်ခေါ်မှုတစ်ခု" ဖြစ်ကြောင်း ဆိုသည်။

၎င်း ရောက်ရှိလာမှုက မာဆေးလ်အတွက် ထိပ်တန်းဥရောပပြိုင်ပွဲ ပြန်မလာမီ ကြီးမားသည့် တွန်းအားတစ်ခုဖြစ်သည်။

မာဆေးလ်တို့သည် လီဂူး-၁ တွင် ဒုတိယနေရာရရှိပြီးနောက် ယခုနှစ်ရာသီတွင် ချန်ပီယံလိဂ်အုပ်စုအဆင့်သို့ တက်ရောက်နိုင်ခဲ့သော်လည်း ချီလီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးသော နည်းပြ ဆမ်ပါအိုလီ အသင်းမှ နုတ်ထွက်ခွာသွားပြီးနောက် ခရိုအေးရှားနောက်ခံလူဟောင်း Igor Tudor နှင့် အစားထိုးခဲ့သည်ကို သိရှိရသည်။ 

မာဆေးလ်သည် အူဒီးနီးစ်၊ ဘာစီလိုနာ၊ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နှင့် အင်တာမီလန်တို့ပြီးလျှင် ဥရောပတွင် ဆန်းချက်၏ ဆဋ္ဌမမြောက်ကလပ် ဖြစ်လာမည်ဖြစ်သည်။

သူသည် အင်တာမီလန်တွင် သုံးနှစ်ကြာအထိ ကစားခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် စီးရီးအေချန်ပီယံဖြစ်အောင် ကူညီပေးခဲ့သည်။

သို့သော် သူသည် ပြီးခဲ့တဲ့ရာသီက ဆန်စီရို၌ ကိုးပွဲသာ ကစားခဲ့သည်။

ကလပ်ဥက္ကဌ Pablo Longoria က ၎င်း၏ရောက်ရှိလာမှုသည် မာဆေးလ်ကို "အဆင့်တဆင့် ခုန်တက်သွားစေရန်" နှင့် ပိုမိုယှဉ်ပြိုင်လာနိုင်စေရန်အတွက် "ပြောင်းလဲမှုအတိုင်းအတာတစ်ခု"ကို ဆောင်ကြဉ်းပေးမည်ဟု ပြောသည်။

Longoria က "လူတိုင်းလိုချင်သော ယှဉ်ပြိုင်မှုအဆင့်" ကို ရရှိထားလျှင် ယခုရာသီကျော်လွန်ကာ ကစားသမားနှင့်အတူ "စွန့်စားမှုဆက်လက်" လုပ်ရန်ကိုမူ ငြင်းဆိုထားခြင်းမရှိပေ။

"နည်းပြ Igor Tudor ရဲ့ လက်ရှိပုံစံနဲ့အတူ မတူညီတဲ့ တိုက်စစ်နေရာတွေမှာ ကစားနိုင်တဲ့ ဆန်းချက်ဇ်ကို ပုံဖော်ထားပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။

ဆန်းချက်ဇ်၏ အထင်ကြီးစရာကောင်းသော မှတ်တမ်းမှာ ကစားသမားဘဝ ဂိုးပေါင်း ၂၅၀ နီးပါးအပါအဝင် မာဆေးလ်နည်းပြဟောင်းများဖြစ်သော မာဆယ်လို ဘီယယ်ဆာနှင့် ဆမ်ပါအိုလီ လက်အောက်ကစားခဲ့ဖူးသည့် သူသည် ချီလီအသင်းနှင့် ပွဲပေါင်း ၁၄၀ ကျော်ကစားခဲ့သလို ကိုပါအမေရိကဖလား နှစ်ကြိမ် ဆွတ်ခူးခဲ့သည်။

သူသည် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် မာဆေးလ် ခေါ်ယူသည့် ကိုးယောက်မြောက် ကစားသမားဖြစ်လာသည်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly