ရှင်ကျန်းတွင် ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာကာ တရုတ်ခရီးသွားများကြောင့် ပျံ့နှံ့လာဟုဆို  

ရှင်ကျန်းတွင် ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာကာ တရုတ်ခရီးသွားများကြောင့် ပျံ့နှံ့လာဟုဆို  

ရှင်ကျန်းဒေသမှအာဏာပိုင်များသည် အီလီကာဇက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့လာရောက်လည်ပတ်သော တရုတ်ခရီးသွားများမှအစပြုသည်ဟုယူဆရသည့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို ထိန်းချုပ်သည့်အနေဖြင့် အသွားအလာ ပိတ်ဆို့မှုအသစ်များ အကောင်အထည်ဖော်လျက်ရှိသည်။

ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကိုဗစ်-၁၉ ကူးစက်မှုအရအတွက် စတင်မြင့်တက်လာကြောင်း မီဒီယာများက ဖော်ပြပြီးနောက် ဂူဂျာကောင်တီနှင့်တခြားမြို့ပြဧရိယာများမှ အာဏာပိုင်များသည် ဒေသခံများ အား အသွားအလာကန့်သတ်ရန် ညွှန်ကြားခဲ့သည်။

ရှင်ကျန်းတွင်  ဇူလိုင် ၂၁ ရက်မှ ဩဂုတ် ပထမပတ်အထိ ရောဂါကူးစက်သူ ၂၇၄ ဦးရှိကြောင်း ရှင်ကျန်းအစိုးရ၏ တရားဝင်ဝက်ဘ်ဆိုက် Tengritagh ၌ ဩဂုတ် ၇ ရက်က ဖော်ပြထားသည်။

ဗိုင်းရပ်စ်မျိုးကွဲသစ်ကို ဂူဂျာကောင်တီရှိရာ အီလီကာဇက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတွင် ပထမဆုံး တွေ့ရှိခဲ့ပြီး ထိုမှ တစ်ဆင့် ပျံ့နှံ့လာခဲ့သည်။

ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် အာဏာပိုင်များက ရှင်ကျန်းကို အန္တရာယ်အများဆုံးဆုံး‌ဧရိယာ ၄၅ ခု၊ အန္တရာယ် အလယ်အလတ်ဧရိယာ ၃၄ ခုနှင့် အန္တရာယ်နည်းသောနေရာ ၉ ခုအဖြစ် ပိုင်းခြားထားကာ အဆင့်အမျိုးမျိုးဖြင့် အသွားအလာကန့်သတ်မှုစီမံချက်များ အကောင်အထည်ဖော်ထားသည်။

ကူးစက်မှုအသစ်များသည် ကန်းစုပြည်နယ်မှ တရုတ်ခရီးသွားများကြောင့် ဖြစ်သည်ဟု ယူဆရပြီး ဂူဂျာ ကောင်တီမှ ပထမဆုံးရောဂါဖြစ်ပွားမှုကို အူချွန်ဒန်ဂန်ရွာ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required