ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာသောကြောင့် တရုတ်နိုင်ငံ ရီဝူမြို့တွင် တစ်စိတ်တစ်ပိုင်း အသွားအလာပိတ်ဆို့

ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာသောကြောင့် တရုတ်နိုင်ငံ ရီဝူမြို့တွင် တစ်စိတ်တစ်ပိုင်း အသွားအလာပိတ်ဆို့

ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာသောကြောင့် တရုတ်နိုင်ငံအလယ်ပိုင်း ကျဲ့ကျန်းပြည်နယ်မှ တာဝန်ရှိ သူများသည်  ရီဝူမြို့တော်တွင် တင်းကျပ်သော ကိုဗစ်ဆိုင်ရာကန့်သတ်ချက်များ ပြဋ္ဌာန်းထားကာ အစုလိုက် အပြုံလိုက်ရောဂါစမ်းသပ်မှုများလုပ်ဆောင်နေသလို အသွားအလာများကိုလည်း ကန့်သတ်ထားသည်။ 

အာဏာပိုင်များက မလိုအပ်လျှင် ရီဝူမြို့မှ မထွက်ခွါရန် အကြံပြုထားပြီး တခြားဒေသခံများကိုလည်း မြို့သို့မလာရန် တိုက်တွန်းထားကြောင်း ကနေဒါအခြေစိုက် သတင်းဌာန Crisis 24 က ဖော်ပြထားသည်။ 

ရောဂါဖြစ်ပွားမှုအလယ်အလတ်နှင့်အမြင့်ဆုံးဖြစ်သည့် နေရာအနည်းဆုံး ၁၆ ခုတွင် ဒေသ အလိုက်အသွားအလာပိတ်ဆို့မှုနှင့် အိမ်၌နေရန် အစီအမံများကို ချမှတ်ထားသည်။

အလားတူ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ၏ တင်းကျပ်သော စီမံချက်များကြောင့် ကိုဗစ်-၁၉ ဗဟိုချက်ဖြစ်ရာ ဝူဟန်တွင် ရောဂါလက္ခဏာမပြသည့်ကူးစက်သူ ၄ ဦးတွေ့ရှိပြီးနောက် အသွားအလာပိတ်ဆို့လိုက်သည်။ 
ဝူဟန်၏ ကျန်းရှီးခရိုင်ကို ၃ ရက်အသွားအလာပိတ်ဆို့ထားကာ ကူးစက်မှုအသစ်များထပ်မံတွေ့ရှိပါက ကန့်သတ်မှု သက်တမ်းထပ်တိုးမည့်အခြေအနေရှိသည်။ လူဦးရေ ၁ သန်းခန့်ကို အိမ်၌သာနေရန် ညွှန်ကြားထားပြီး အစစအရာရာ ပိတ်သိမ်းထားသည်။

 ရုံးများ၊ ဖျော်ဖြေရေးနေရာများ၊ ဆေးခန်းများ၊ စိုက်ပျိုးရေးထွက်ကုန်ဈေးများ၊ စားသောက်ဆိုင်များလည်း ပိတ်ထားသည်။ ဝတ်ပြုဆုတောင်းရာနေရာများလည်းပိတ်ထားသလို ခရီးသွားများ သွားလာမှုကိုလည်း တားမြစ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required