လာအိုနိုင်ငံ တရုတ်ကြွေးမြီထောက်ချောက်၌ ပိတ်မိနေ 

လာအိုနိုင်ငံ တရုတ်ကြွေးမြီထောက်ချောက်၌ ပိတ်မိနေ 

လာအိုနိုင်ငံသည် ကြီးမားသော အခြေခံအဆောက်အအုံစီမံကိန်းများတည်ဆောက်ရန် တရုတ်ထံမှ ချေးငွေယူထားကာ ပြန်ဆပ်ရန်ပျက်ကွက်မည့်အလားအလာရှိနေပြီး ယင်းက ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်းအတွက် အရှိန်အဟုန်အသစ်ကို ဖြစ်လာစေသည်။

ကမ္ဘာ့ဘဏ်၏ ဧပြီလ ထုတ်ပြန်ချက်အရ လာအို၏ အစိုးရနှင့်ပြည်သူ့သို့ အာမခံချေးငွေသည်  ၂၀၂၁ ခုနှစ် စုစုပေါင်းပြည်တွင်းထုတ်ကုန်၏ ၈၈ ရာခိုင်နှုန်းထိရောက်ရှိခဲ့သည်။ ကြွေးမြီသည် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၅ ဘီလီယံရှိပြီး ၎င်းအနက် ထက်ဝက်မှာ တရုတ်-လာအိုရထားလမ်းအပါအဝင် စီမံကိန်းများကို ထောက်ပံ့သည့် တရုတ်ချေးငွေဖြစ်သည်။

အရှည် ၄၁၈ ကီလိုမီတာရှည်လျားသည့် လာအို-တရုတ်ရထားလမ်းသည် ပေကျင်းရထားလမ်းအဖွဲ့နှင့် တရုတ်အစိုးရပိုင်ကုမ္ပဏီ နှစ်ခုက ၇၀ ရာခိုင်နှုန်းနှင့် လာအိုနိုင်ငံပိုင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်းဖြင့် ဖက်စပ်လုပ်ကိုင်ခြင်းဖြစ်သည်။ 

ရထားလမ်းသည် တရုတ်ကို ဥရောပအထိ ဝေးကွာလှသော ဈေးကွက်များဖြင့် ချိတ်ဆက်ခြင်းဖြင့် ၎င်းတို့၏ သီးခြားဖြစ်နေသောစီးပွားရေးကို အားကောင်းစေမည်ဟု လာအိုခေါင်းဆောင်များက မျှော်လင့်ခဲ့သည်။

ရထားလမ်းဖောက်လုပ်ရန်အတွက် နေအိမ်များမှ ရွှေ့ပြောင်းခံရသော ပြည်သူများသည် လျော်ကြေးငွေ အနည်းငယ်သာရသဖြင့် စောဒကတက်ခဲ့ကြသည်။ ရထားလမ်းဆောက်လုပ်ခြင်းများက တောရိုင်း တိရစ္ဆာန် ရောင်းဝယ် ဖောက်ကားရေးဗဟိုချက်ဖြစ်သည့် လာအိုတွင် သဘာဝတောတောင်များ၌ မှီတင်း နေထိုင်သူများကို ပျက်စီးစေကာ မျိုးသုဉ်းလုနီးပါးဖြစ်နေသော မျိုးစိတ်များအတွက် အန္တရာယ်ရှိစေသည်။

သတင်းဖော်ပြချက်များအရ လာအိုသည် စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ကြွေးတင်နေပြီး အကြွေးဆပ်ရန် တရုတ်အား သတ်မှတ်ချိန် ရွှေ့ဆိုင်းခိုင်းရမည့်အခြေအနေဖြစ်နေသည်။
 
လာအိုနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် ၃ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသော်လည်း ၎င်းပမာဏသည် နိုင်ငံခြားကြွေးမြီများကို ပြန်ဆပ်ရန် အစိုးရလိုအပ်သော ဘဏ္ဍာငွေအတွက် လုံလောက်မည်မဟုတ်ကြောင်း သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly