တိဗက်တွင် ကိုဗစ်-၁၉ ကူးစက်မှုတွေ့ရှိပြီးနောက် တရုတ်အာဏာပိုင်များက ပိုတာလာနန်းတော်ကို ပိတ်ပစ်

တိဗက်တွင် ကိုဗစ်-၁၉ ကူးစက်မှုတွေ့ရှိပြီးနောက် တရုတ်အာဏာပိုင်များက ပိုတာလာနန်းတော်ကို ပိတ်ပစ်

ဟိမဝန္တာဒေသ တိဗက်တွင် ကိုဗစ်-၁၉ ကူးစက်မှုအနည်းငယ် တွေ့ရှိပြီးနောက် တရုတ်အာဏာပိုင်များသည် နာမည်ကျော် ပိုတာလာနန်းတော်ကို ပိတ်ထားလိုက်သည်။

 အခြားနိုင်ငံအများစု ပုံမှန်ပြန်လည်ပတ်လာချိန်တွင် တရုတ်သည် အသွားအလာများပိတ်ဆို့ခြင်း၊ ရောဂါစမ်းသပ်ခြင်း၊ အသွားအလာကန့်သတ်ခြင်းနှင့် ခရီးသွားလာမှုတားခြင်းကို မဖြစ်မနေလုပ်ဆောင်လျက် ကိုဗစ်လုံးဝ ကင်းစင်ရေးမူဝါဒကို  ဆက်လက်အကောင်အထည်ဖော်လျက်ရှိသည်။ 

 တိဗက်ဗုဒ္ဓဘာသာဝင်ခေါင်းဆောင်များ အစဉ်အလာအရနေထိုင်ခဲ့ကြသည့်  နန်းတော်ကို ဩဂုတ် ၉ ရက်မှစ၍ ပိတ်သွားမည်ဖြစ်ကြောင်းနှင့် ပြန်လည်ဖွင့်လှစ်မည့်ရက်ကို နောက်ပိုင်းတွင် ကြေညာမည်ဟု နန်းတော်၏ Wechat လူမှုမီဒီယာမှ ထုတ်ပြန်ခဲ့သည်။

တိဗက်၏စီးပွားရေးသည် ခရီးသွားလုပ်ငန်းအပေါ် များစွာမှီခိုနေရပြီး ပိုတာလာနန်းတော်သည် အဓိကဆွဲဆောင်ရာ နေရာတစ်ခုဖြစ်သည်။ 

တရုတ်၏ ထိန်းချုပ်မှုတင်းကျပ် မူဝါဒသည် ဆေးရုံတက်ခြင်းနှင့် သေဆုံးမှုအများအပြားကို တားဆီးရာတွင် အောင်မြင်သည်ဟုဆိုသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် ဝေဖန်သူများက စီးပွားရေးနှင့် လူ့အဖွဲ့အစည်းအပေါ် ၎င်းမူဝါဒ၏ အကျိုးသက်ရောက်မှုကို ရှုတ်ချလိုက်ပြီး အဆိုပါမူဝါဒသည် ပြောင်းလဲနေသော ဗိုင်းရပ်စ်၏ သဘောသဘာဝနှင့် ကုသရေးနည်းလမ်းအသစ်များနှင့် လမ်းလွဲနေကြောင်း ပြောသည်။  

 တရုတ်က ပြည်တွင်းကူးစက်မှုသူ ၈၂၈ ဦးနှင့် ၎င်းတို့အနက် ၂၂ ဦးမှာ တိဗက်မှဖြစ်ကြောင်း ဩဂုတ် ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ကူးစက်ခံရသူအများစုမှာ ရောဂါလက္ခဏာမပြဟု ဆိုသည်။

 ထို့အတူ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ အပန်းဖြေကျွန်းတွင်လည်း ခရီးသွားပြည်သူ ၈၀ ၀၀၀ ထက်မနည်း ခရီးဆကမလက်မသွားနိုင်ဘဲ လာမည့်ရက်အတွင်း ရောဂါစမ်းသပ်မှုခံကြရမည်ဖြစ်ကာ ကူးစက်မခံရမှသာ ထွက်ခွာခွင့်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly