တရုတ်အစိုးရက တူရကီအစိုးရ တာဝန်ရှိသူများကို ရှင်ကျန်းသို့ ဖိတ်ကြား

By ANI
10 August 2022
တရုတ်အစိုးရက တူရကီအစိုးရ တာဝန်ရှိသူများကို ရှင်ကျန်းသို့ ဖိတ်ကြား
Photo: EPA

ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး မီချဲလ်ဘက်ချလက်၏ ရှင်ကျန်းခရီးစဉ်သည် အနှောင့်အယှက်များနှင့် ကြုံရပြီး ထိန်းသိမ်းခံဝီဂါများကို စကားပြောဆိုခွင့်မရခဲ့ပြီးနောက် ၂ လအကြာအတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ၎င်းတို့သည် ပွင့်လင်းမြင်သာကြောင်းပြောဆိုလျက် တူရကီအစိုးရတာဝန်ရှိသူများ ရှင်ကျန်းသို့ လာရန် ဖိတ်ခေါ်လိုက်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် အရှေ့အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲအစည်းအဝေးများ၌ ဩဂုတ် ၃ ရက်က တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လက်ကာ ဗူဆော့လူနှင့်တွေ့ဆုံစဉ် ဤသို့ ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။

ကာဗူဆော့လူက ၎င်း၏နိုင်ငံသည် ထိုင်ဝမ်ပြဿနာအတွက်သာမက ရှင်ကျန်းနှင့်ပတ်သက်သော ကိစ္စရပ်များတွင် လည်း တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လိုက်နာကြောင်း၊ ကုလသမဂ္ဂလူ့အခွင့် အရေးဆိုင်ရာ မဟာ မင်းကြီး မီချဲလ်ဘက်ချလက်က ရှင်ကျန်းမြို့သို့ သွားရောက်သည်ကိုလမ်း တူရကီက ဝမ်းမြောက်မိကြောင်းနှင့် တူရကီကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရှင်ကျန်းခရီးစဉ်နှင့် ပတ်သက်သော ကိစ္စရပ်များ အတွက် တရုတ်နှင့် အမြဲထိတွေ့ဆက်ဆံသွားမည်ဟု မျှော်လင့်ကြောင်း ပြောသည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

ဝမ်ယိက ရှင်ကျန်းအရေးများသည် တရုတ်၏ပြည်တွင်းရေးကိစ္စတစ်တစ်ပိုင်းဖြစ်ကြောင်း၊ တရုတ်သည် ရှင်ကျန်းဆိုင်ရာပြဿနာများအပေါ် အမြဲပွင့်လင်းမြင်သာသည့် သဘောထားရှိကြောင်းနှင့် တူရကီကိုယ်စားလှယ်အဖွဲ့လာရောက်မည်ကို ကြိုဆိုကြောင်း ပြောခဲ့သည်။

တရုတ်သည် ရှင်ကျန်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ခြင်းမပြုရန် လူ့အခွင့်အရေးမဟာမင်းကြီး မီချဲလ်ဘက်ချလက်အား တိုက်တွန်းသည့်စာ ပေးပို့ခဲ့သည်။

ဘက်ချလက်သည် ရှင်ကျန်းနှင့်တိဗက်ကဲ့သို့သော ဒေသများရှိ လူ့အခွင့်အရေးအခြေအနေများကို စုံစမ်းရန်နှင့် ဝီဂါနှင့်တိဗက်လူမျိုးများအပေါ် ညှင်းပန်းနှိပ်စက်မှုများကို တရုတ်အား တာဝန်ခံနိုင်စေရန် ရှားပါးအခွင့် အရေး ရခဲ့သည့် မေလခရီးစဉ်အတွင်း တရုတ်အပေါ် ပျော့ပျောင်းလွန်းသည့်အတွက် ပြင်းထန်သော ဝေဖန်မှုများ ကို ခံနေရသည်။

နှစ်ပေါင်း ၁၇ နှစ်အတွင်း ကုလသမဂ္ဂအကြီးအကဲ၏ ပထမဆုံးခရီးစဉ်သည် ယနေ့ခေတ် ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို မေးခွန်းထုတ်စရာဖြစ်စေခဲ့ပြီး တရုတ်၏လွှမ်းမိုးမှု အတိုင်းအတာတွင် အလိမ်အညာသဘောထားများနှင့် လုပ်ဇာတ်များပါဝင်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required