တရုတ်နိုင်ငံ ဆန်ယာမြို့တွင် ကမ္ဘာလှည့်ခရီးသည် ၈၀၀၀၀ ကျော် နေရပ်မပြန်နိုင်

တရုတ်နိုင်ငံ ဆန်ယာမြို့တွင် ကမ္ဘာလှည့်ခရီးသည် ၈၀၀၀၀ ကျော် နေရပ်မပြန်နိုင်
Photo: EPA

တရုတ်နိုင်ငံတောင်ပိုင်းရှိ ဆန်ယာမြို့တော်တွင် မကြာသေးမီက ကိုဗစ်-၁၉ ကပ်ရောဂါ အစုလိုက်အပြုံလိုက်ဖြစ်ပွားသဖြင့် ရောဂါထိန်းချုပ်ရေးအစီအမံများ အရှိန်မြှင့်လုပ်ဆောင်နေသောကြောင့် လူထောင်ပေါင်းများစွာ၏ အားလပ်ရက်ခရီးစဉ်များကို အနှောင့်အယှက်ဖြစ်စေလျက်ရှိသည်။

နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဆန်ယာမြို့တွင် ဩဂုတ် ၄ ရက် မွန်းတည့်ချိန်မှစ၍ အသစ်ထပ်မံ ကူးစက်ခံရသူ ၁၀၇ ဦးရှိကြောင်း CCTVသတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

ဟိုင်နန်ပြည်နယ်တွင် ဩဂုတ် ၅ ရက်က အတည်ပြုလူနာ ၂၆၂ ဦးနှင့် ဆန်ယာမြို့တွင်၂၂၉ ဦးတွေ့ရှိခဲ့ကြောင်း ဒေသကျန်းမာရေးကော်မရှင်က ပြောသည်။ တရုတ်ဟာဝိုင်အီခေါ် ဆန်ယာမြို့သည် ကိုဗစ်-၁၉ ပြန့်ပွားမှုကို ထိန်းချုပ်ရန် ဩဂုတ် ၆ ရက်မှမနက်မှစတင်ကာ ယာယီစီမံချက်များ ကြေညာခဲ့သည်။ လူဦးရေ ၁၀ သန်းကျော်ရှိသော ဟိုင်နန်ပြည်နယ်တွင် ခရီးသည်ပေါင်း ၈၀ ၀၀၀ ခန့်သောင်တင်နေပြီး အများစုမှာ ကူးစက်မှုအန္တရာယ်နည်းသော ဆန်ယာပင်လယ်အော်နှင့် ယာလောင်ပင်လယ်အော်ဒေသတို့မှဖြစ်ကြောင်း ဒုမြို့တော်ဝန် ဟဲရှီဂန်းက ပြောသည်။ တိတ်ဆိတ်စွာ ကူးစက်မှုမြန်ဆန်သော အိုမီခရွန်မျိုးကွဲ BA5.1.3 ကို ပြည်တွင်း၌ ပထမဆုံးအကြိမ်အဖြစ် တွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြောင်း Global Timesကဖော်ပြသည်။

လတ်တလောရောဂါကူးစက်ပျံ့နှံ့မှုများကြောင့် စည်းကမ်းသတ်မှတ်ချက်အရ ခရီးသွား ၈၀ ၀၀၀ ခန့်သည် သောင်တင်လျက်ရှိကာ မီးရထားအာဏာပိုင်များသည် ဆန်ယာမြို့တွင် လက်မှတ်ရောင်းမှုပိတ်ပင်လိုက်ပြီး ဒေသခံများသည် ဆန်ယာမြို့မှ ရထားဖြင့် ခရီးမသွားနိုင်တော့ပေ။

ဆန်ယာမှ ရှန်ဟိုင်းသို့သွားသော လေကြောင်းခရီးစဉ်အတွက် ရိုးရိုးတန်းလက်မှတ်ခမှာ ၃ ၀၀၀ ယွမ် (အမေရိကန်ဒေါ်လာ ၄၄၃) နှင့် အထူးတန်းလက်မှတ်မှာ အမေရိကန်ဒေါ်လာ ၁၅ ၀၀၀ ဝန်းကျင်ရှိသည်။

ဆန်ယာမြို့သည် တရုတ်တွင် တတိယမြောက် ခရီးသွားဗဟိုချက်နေရာဖြစ်ပြီး ယခုနှစ် ခရီးသွားရာသီတွင် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုနှင့် တိုက်ဆိုင်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly