ယူကရိန်းစစ်ပွဲနှင့် ကိုဗစ်-၁၉ ကပ်ရောဂါတို့ကြောင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ ကျဆင်း

ယူကရိန်းစစ်ပွဲနှင့် ကိုဗစ်-၁၉ ကပ်ရောဂါတို့ကြောင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ ကျဆင်း

ယူကရိန်းစစ်ပွဲနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပထဝီဝင်နိုင်ငံရေးအခြေအနေများ ပြောင်းလဲနေချိန်တွင် တရုတ်က ခါးပတ် လမ်းရပ်ဝန်းစီမံကိန်းများ(BRI) တွင် ရင်းနှီးမြှုပ်နှံမှုများကို လျော့ချလိုက်သည်။

တရုတ်၏ ကိုဗစ်-၁၉ ပိတ်ဆို့မှုများကြောင့် ဖြစ်ပေါ်လာသည့် မသေချာမရေရာမှုများသည် တရုတ်၏ တိုးတက်မှု ခန့်မှန်းချက်ကိုသာမက ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကိုလည်း လျော့ကျစေခဲ့သည်။

ယင်းတို့အားလုံးသည် ငွေကြေးဖောင်းပွမှုအကျပ်အတည်း (အထူးသဖြင့် အစားအစာ၊ လောင်စာဆီ)၊ ငွေလဲနှုန်း အန္တရာယ်များနှင့် အချုပ်အခြာအာဏာပိုင်ကြွေးမြီအန္တရာယ်များကို ထွန်းသစ်စဈေးကွက်များတွင် ငွေကြေး ဖောင်းပွမှု အခက်အခဲ ၃ ဆရင်ဆိုင်နေသဖြင့် ဘဏ္ဍာဆိုင်ရာအန္တရာယ်များ သိသိသာသာ တိုးလာသည်ဟု European Times က ဖော်ပြခဲ့သည်။

ဖူဒန်တက္ကသိုလ်နှင့် ချိတ်ဆက်ထားသည့် အစိမ်းရောင်ဘဏ္ဍာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ လေ့လာမှု တစ်ခုအရ တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းများ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံပေါင်း ၁၄၇ နိုင်ငံတွင် ၂၀၂၂ခုနှစ် ပထမနှစ်ဝက်က ကျဆင်းသွားခဲ့သည်။

ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုများသည် ၂၀၂၂ခုနှစ် အလားတူကာလက အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၄ ဘီလီ ယံနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၄ ဘီလီယံသာရှိခဲ့သည်။ ပထမနှစ်ဝက် ကိန်းဂဏန်း များသည် ၂၀၁၉ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်း လျော့ကျ သွားကြောင်း European Times က ဖော်ပြခဲ့သည်။

ထို့ပြင် ပထမ၆လအတွင်း ရုရှား၊ သီရိလင်္ကာနှင့် အီဂျစ်တို့တွင် အသုံးစရိတ်အသစ်များ မရှိခဲ့ပေ။

တရုတ်နိုင်ငံ၏ စီးပွားရေး စိန်ခေါ်မှုများနှင့် ကမ္ဘာကြီး၏ မသေချာ မရေရာမှုများကြောင့် BRI တွင် ရင်းနှီးမြှုပ်နှံမှု ကျဆင်းသည့်အနေအထားသည် ၂၀၂၂ခုနှစ် ဒုတိယနှစ်ဝက်အထိ ဆက်လက်ရှိနေနိုင်ဖွယ်ရှိသည်။

အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၈ ဘီလီယံခန့်သည် ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် တရုတ်ချေးငွေ တစ်စိတ်တစ်ပိုင်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅ ဘီလီယံသည် ဆောက်လုပ်ရေးကဏ္ဍသို့ ရောက်ရှိခဲ့သည်။

၂၀၂၂ခုနှစ် ပထမနှစ်ဝက်တွင် ကျောက်မီး သွေးစီမံကိန်းများသို့ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ မရောက်ရှိခဲ့ပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required